Home သတင်း စစ်ရေး စစ်ကောင်စီရဲ့ နေပြည်တော် အေလာ လေတပ်စခန်းကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကောင်စီရဲ့ နေပြည်တော် အေလာ လေတပ်စခန်းကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

38
0

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ ညမှာ စစ်ကောင်စီရဲ့ နေပြည် တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar(BWM)က သတင်းထုတ်ပြန် ပြောဆိုလာပါတယ်။

အဲဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar(BWM) အဖွဲ့ရဲ့ ဦးဆောင်မှု နဲ့ Black Leopard(ကျားသစ်နက် – ရှမ်းတောင်)အဖွဲ့တို့က ည ၈ နာရီ ၃၅ မိနစ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရှော့တိုက် ဒုံး နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ နေရာမှာလည်း နယ်မြေလုံခြုံ ရေးတင်းကြပ်မှု ရာသီဥတုဆိုးရွားမှုတွေရှိခဲ့ပေမယ့် ပစ်ခတ်လိုက်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးစလုံးဟာ ပစ်မှတ်တွေကို ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိလေတပ်စခန်းအတွင်းကျရောက်ပေါက်ကွဲမှုကြောင့် ပျက် စီးမှု အခြေအနေတွေကိုတော့ ဆက်လက်အတည်ပြုစုံစမ်းမှုတွေ လုပ်ဆောင်နေပြီးတော့ ပြန်လည်ထုတ်ပြန်ပေးသွားမယ်လို့လည်းဆိုထားပါတယ်။

အခုလို နေပြည်တော် အေလာ လေတပ်စခန်းကို တိုက်ခိုက်ခဲ့ရတာဟာ စစ်ကောင်စီအနေ နဲ့ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်မှုရှိနေချိန်မှာတောင် အဲဒီလေတပ်စခန်းကို အသုံးပြုပြီးတော့ တိုက်ခိုက်နေတဲ့ အတွက် BWM Mission 33 စစ်ဆင်ရေး အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here