Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု အပစ်ရပ်ကာလမှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာဟာ ဂျနီဗာ စာချုပ်ကို ချိုးဖောက်တာလို့ HDCO ပြောဆို

အပစ်ရပ်ကာလမှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာဟာ ဂျနီဗာ စာချုပ်ကို ချိုးဖောက်တာလို့ HDCO ပြောဆို

42
0

စစ်ကောင်စီ အနေ နဲ့ ဧပြီလ ၂ ရက်နေ့ကပင် ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၀ကြာ အပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာထားပြီးတဲ့ နောက်မှာ စစ်ကောင်စီကအခုလို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေတာ ဟာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနဲ့မညီပဲ ဂျနီဗာ စာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲချုပ် ULA / AA ရဲ့ လူသားချင်းစာနာထောက်ထားရေး ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ရုံး HDCO က ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ပစ်ရပ်အဖြစ်ကြေညာပြီးနောက်ပိုင်းမှာ ရခိုင်ဒေသက ကျောက်ဖြူ၊ကျောက်တော် မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာ ၊ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊စက်တပ်လေထီးတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ တွေ အပြင် နေဗီတွေကလည်း လက်နက်ကြီးတွေ နဲ့ လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်ခဲ့တာ ရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၂ ခွဲ ဝန်ကျင်မှာလည်း စစ်ကောင်စီဟာ Jet Fighter တစ်စီး နဲ့ကျောက်တော်မြို့နယ် အတွင်းက အရပ်သားတွေ နေထိုင်နေတဲ့ နေရာတွေ ဖြစ်တဲ့ ပြည်တော်သာ၊ မြို့သစ်၊ ရှမ်းရွာ အစရှိတဲ့ ရပ်ကွက်တွေကို ပေါင်း ၅၀၀ ဗုံး နဲ့ ကြဲချတိုက်ခိုက်တာ Rocket ဗုံးသီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ Cluster ဗုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ကို ၄ ကြိမ်တိုင်တိုင်လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၁) ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၂၀) နီးပါထိရှိခဲ့ရပြီးတော့ အဲဒီလို ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေ ထဲမှာ ကလေးငယ် ၆ ဦး နဲ့ အမျိုးသမီး ၉ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ အနေ နဲ့ အခုလို ပြည်သူတွေအပေါ် အန္တရာယ်များဖြစ်စေနိုင်တဲ့ လက်နက်တွေ နဲ့ ပြည်သူတွေ နေထိုင်ရာ ဒေသ၊ ရပ်ကွက်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ အပြင်းအထန်စိုးရိမ်စရာဖြစ်တဲ့အပြင် လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေ နဲ့ မညီပဲ ဂျနီဗာ စာချုပ်ကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ သားချင်းစာနာထောက်ထားရေး ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ရုံး HDCO က ပြောဆိုပါတယ်။

ဒါ့အပြင် အပစ်ရပ်ကာလ ရက်ပေါင်း ၂၀ အတွင်းမှာ တမင် တကာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေတာဟာ အကြီးမားဆုံး ချိုးဖောက်တဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်တယ်လို့ HDCO က ဆိုထားပါတယ်။

စစ်ကောင်စီ အနေ နဲ့ ဧပြီလ ၁၉ ရက်နေ့က ကျောက်တော်မြို့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်းမှာ ကလပ်စတာဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာဟာ လွန်စွာစိုးရိမ်ဖွယ်ရာဖြစ်ရပ်တစ်ခု ဖြစ်ပြီးတော့ ကလပ်စတာဗုံးတွေဟာ သက်တမ်းရှည်စွာ မပေါက်ကွဲပဲ (bomblets) တွေအဖြစ် ကျန်ရှိနေတတ်တာကြောင့် ဒေသခံပြည်သူတွေအတွက် အလွန်အန္တရာယ်ဖြစ်စေနိုင်တဲ့ဟာ ဖြစ်တယ်လို ဆိုထားပါတယ်။

ဒါကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ ၊လူသားချင်းစာနာရေးလုပ်ငန်းမှာ ပါဝင်သူတွေ အနေ နဲ့ ဒီလိုအခြေအနေတွေကို နီးကပ်စွာစောင့်ကြည့်ကြဖို့ နဲ့ မပေါက်ကွဲသေးသောပစ္စည်းတွေကို ဖယ်ရှားရေးအတွက် အထောက်အကူပြုဖို့၊ ထိခိုက်ခံရတဲ့ ဒေသခံတွေကို လိုအပ်တဲ့ကာကွယ်မှု နဲ့ အကူအညီတွေ ချက်ချင်းရရှိဖို့ အတွက်ကိုလည်း ဆောင်ရွက်ပေးကြဖို့ကို HDCO က တိုက်တွန်း ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here