Home သတင်း စစ်ရေး တောင်ကုတ်မှာ အာရက္ခတပ်တော် ဖမ်းဆီးတာကို ခံထားရတဲ့ ဒေသခံ တချို့မိသားစု နဲ့ အဆက်အသွယ်မရ

တောင်ကုတ်မှာ အာရက္ခတပ်တော် ဖမ်းဆီးတာကို ခံထားရတဲ့ ဒေသခံ တချို့မိသားစု နဲ့ အဆက်အသွယ်မရ

62
0
ပုံ - တောင်ကုတ်မြို့ဆိုင်းဘုတ်မြင်ကွင်း။ပုံဟောင်း

CNA ၊ မြတ်သူ။

တောင်ကုတ်တိုက်ပွဲ ဖြစ်ပွါးချိန်မှာ အာရက္ခတပ်တော်ကဖမ်းဆီးထားတဲ့ ဒေသခံတချို့ရှိခဲ့ပြီး အဲဒီဒေသခံတွေ ဟာ မိသားစုတွေနဲ့ တွေ့နဲ့ အဆက်အသွယ်မရဘဲဖြစ်နေတယ်လို့ ကာယကံရှင် မိသားစုတချို့က Facebook စာမျက်နှာကနေတဆင့် ရေးသားကာ ပြောဆိုလာတာ တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ Khin Myint Myat Thu ဆိုတဲ့ Facebook အကောင့်ကနေတဆင့် သူရဲ့ မိဘ နှစ်ဦးဖြစ်တဲ့ အဖ ဦးအောင်သိန်းကြည် နဲ့ အမိ ဒေါ်ခင်ထွေးရီတို့ကို တောင်ကုတ်မြို့အတွင်းက စစ်ဘေးရှောင်ထွက်စဉ် ရိုးလမ်းမထက်မှာ အာရက္ခတပ်တော် ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးတော့ လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ အတွက် သက်ဆိုင်ရာလူကြီးမင်းတွေ အနေ နဲ့ ဒီကိစ္စကို ဖြေရှင်းပေးစေချင်တယ်လို့ ရေးသားကာပြောဆိုလာခဲ့တာ ရှိခဲ့ပါတယ်။

အဲဒီလို ရေးသားလာတာ နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ဆီမှာ ဖမ်းဆီးခံထားရတဲ့ သူရဲ့ မိဘ နှစ်ဦးဖြစ်တဲ့ အဖ ဦးအောင်သိန်းကြည် နဲ့ အမိ ဒေါ်ခင်ထွေးရီတို့ရဲ့ ဖမ်းဆီခံရပုံ အခြေအနေကိုအသေးစိတ်ကို CNA သတင်းဌာက ဆက်သွယ်မေးမြန်းမှု လုပ်ဆောင်ခဲ့ပေမယ့် Khin Myint Myat Thu မှာ ပြန်လည် ဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။

အာရက္ခတပ်တော် ဆီမှာ ဖမ်းဆီးခံထားရတဲ့ ဦးအောင်သိန်းကြည် နဲ့ ဒေါ်ခင်ထွေးရီတို့ရဲ့ ဖမ်းဆီးခံရမှု အခြေအနေတွေကို သိရှိသူ တစ်ဦးလည်း ဖြစ် အာရက္ခတပ်တော် နဲ့ နီးစပ်သူ တစ်ဦးလည်းဖြစ်တဲ့ တောင်ကုတ်မြို့ခံတစ်ဦးကို CNA က ဆက်သွယ်မေးမြန်းရာတဲ့ အခါမှာ ဦးအောင်သိန်းကြည် နဲ့ ဒေါ်ခင်ထွေးရီတို့ဟာ ရခိုင်စီးပွားရေးလုပ်ငန်းရှင်လို့ လူသိများတဲ့ ဦးကျောက်တောင် ရဲ့တပည့် အရင်းတွေ ဖြစ်ကြပြီးတော့ တောင်ကုတ်တိုက်ပွဲကာလ အတွင်းမှာ အာရက္ခတပ်တော် ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စစ်ကောင်စီကို သတင်းပေးလုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ကြတဲ့ အတွက် အာရက္ခတပ်တော်က အခုလို စစ်ဘေးရှောင် အထွက် ရိုးလမ်းမှာရှိတဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဆေးရေး ဂိတ်က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

“ဒီကိစ္စက ပြောရမှာကတော့ နည်းနည်းတော့ရှုပ်တယ် အခု အဲဒီညီမလေးတင်ထားတဲ့ ဦးအောင်သိန်းကြည် နဲ့ ဒေါ်ခင်ထွေးရီဆိုတာက ဦးကျောက်တောင်ရဲ့ တပည့်အရင်းတွေ ဖြစ်ကြတယ်။တိုက်ပွဲကာလ အ တွင်းမှာ အာရက္ခတပ်တော် ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်တွေကို သတင်းပေးလုပ်နေတယ်ဆိုပြီးတော့ နာမည်တော်တော်ထွက်နေတယ်။အခုတင်ထားတဲ့ ညီမလေးကလည်း အရင်တုန်းက နယ်ထိန်း လင်းကိုကိုနိုင်ရဲ့ မိန်းမဖြစ်တယ်။ဆိုတော့ တောင်ကုတ်မှာ တိုက်ပွဲပြင်းလာတဲ့ အခါမှာ ဦးအောင်သိန်းကြည် နဲ့ ဒေါ်ခင်ထွေးရီက စစ်ဘေးရှောင်တွေ နဲ့ ရောနှောပြီးတော့ ထွက်တဲ့ နေရာမှာသူတို့ကို စစ်ဆေး ရေးဂိတ်မှာ ဖမ်းခံလိုက်ရတာဖြစ်တယ်”လို့ သူကပြောပါတယ်။

ဒါပေမယ့် လက်ရှိ အာရက္ခတပ်တော်က ဖမ်းဆီးထားတဲ့ ဦးအောင်သိန်းကြည် နဲ့ ဒေါ်ခင်ထွေးရီတို့ ကို ဘယ်နည်းဘယ်ပုံ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာကိုတော့ သူအနေ နဲ့ အသေးစိတ် အချက်အလက်တွေကို မသိရှိသလို နောက်ထပ် ဦးကျောက်တောင် နဲ့ ဆက်ဆွယ်ပြီးတော့ စစ်ကောင်စီ သတင်းပေးလုပ်ဆောင်ခဲ့တဲ့ တောင်ကုတ်ဒေသခံ တချို့ကိုလည်း အာရက္ခတပ်တော်က ဖမ်းဆီးထားတာတွေ ရှိနေသေးတယ်လို့လည်း သူကဆိုပါတယ်။

ဒီအခြေ အနေ နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်ရဲ့ ပြောခွင့် ရ ဦးခိုင်သုခကို CNA က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ တောင်ကုတ်မြို့တစ်ခုလုံးကို စစ်ကောင်စီလက်ထဲကနေ အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်မှာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ စီးပွါးရေးလုပ်ငန်းရှင် ဦးကျောက်တောင် အပါ အဝင် ဦးကျောက်တောင် နဲ့ ဆက်နွယ်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှု အားလုံးကို အာရက္ခတပ်တော်က ပြည်သူပိုင် အဖြစ် ချိတ်ပိတ်သိမ်းဆည်းတာတွေကိုလည်း လုပ်ဆောင်ထားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here