Home သတင်း စစ်ရေး နေပြည်တော် လမ်းပိုင်းတနေရာမှာ ကပစ-၁၃ မှ ဗိုလ်မှူးအဖွဲ့ကို PLA က ဖမ်းဆီးရမိခဲ့

နေပြည်တော် လမ်းပိုင်းတနေရာမှာ ကပစ-၁၃ မှ ဗိုလ်မှူးအဖွဲ့ကို PLA က ဖမ်းဆီးရမိခဲ့

206
28

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ ကပစ-၁၃ မှ ဗိုလ်မှူးအဖွဲ့ကို ဧပြီလ ၁၉ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA )က ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်၊

အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု( OPRF)၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်တွေဟာ ဧပြီလ ၁၉ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ ၃ နာရီကြာ စစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီးနောက် မှာ ကပစ-၁၃ မှ ဗိုလ်မှူးအဖွဲ့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်၊

ဖမ်းဆီးရမိခဲ့တဲ့ သူတွေကတော့ ကပစ-၁၃ က ဗိုလ်မှူး ဖြိုးမင်းကျော် တပ်ကြပ် အောင်ဇော်နိုင် နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ကပစ-၁၃ ဗိုလ်မှူး ဖြိုးမင်းကျော် နဲ့ အဖွဲ့ကို ဖမ်းဆီးပြီး ထိန်းချုပ်နေရာကနေ ပြန်လည်ဆုတ်ခွာပြီးအပြန်မှာစစ်ကောင်စီတပ်တွေ နဲ့ တွေ့ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့ပြီး ကပစ-၁၃ က ဗိုလ်မှူး ဖြိုးမင်းကျော် နဲ့ အဖွဲ့ဟာ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတယ်လို့ လည်းဆိုပါတယ်။

ဒါ့ပေမယ့် ဖမ်းဆီးရမိခဲ့တဲ့ ကပစ-၁၃ ဗိုလ်မှူး ဖြိုးမင်းကျော် အဖွဲ့ နဲ့ အတူ ပါလာတဲ့ စစ်ဘက်ဆိုင်ရာအသုံးအဆောင်တွေ၊ ငွေကြေးတွေ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

28 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here