Home သတင်း စစ်ရေး လေးလတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၃ ဦး သေဆုံးကာ ၁၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့ PRA – Magway ထုတ်ပြန်

လေးလတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၃ ဦး သေဆုံးကာ ၁၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့ PRA – Magway ထုတ်ပြန်

44
0
ပုံ၊စာ/ PRA - Magway

ဇန်နဝါရီလ ကနေ ဧပြီလအထိ လေးလအတွင်းမှာ စစ်ကောင်စီတပ်သား ၆၃ ဦး သေဆုံးကာ ၁၈ ဦးအရှင်းဖမ်းဆီးရမိခဲ့တယ်လို့ PRA – Magway က ဒီနေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ဒီလေးလတာ ကာလအတွင်းမှာ PRA – Magway အနေ နဲ့ တိုက်ပွဲပေါင်း ၂၃ ကြိမ်ထိ ဖော်ဆောင်နိုင်ခဲ့ပြီးတော့ စစ်ကောင်စီဗိုလ်မှူး သီဟအောင် အပါအဝင် စစ်ကောင်စီတပ်သား ၆၃ ဦးဟာ တိုက်ပွဲအတွင်းမှာသေဆုံးခဲ့ရသလို ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ဗိုလ်ကြီးတင်ကိုထက်အပါအဝင် စုစုပေါင်း ၁၈ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပုံ၊စာ/ PRA – Magway
ပုံ၊စာ/ PRA – Magway
ပုံ၊စာ/ PRA – Magway

ဒါ့အပြင်ဒီတိုက်ပွဲတွေ အတွင်းကလည်း စစ်ကောင်စီတပ်တွေဆီကနေ လက်နက်ခဲယမ်းတွေ နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ကြောင်းကို PRA – Magway က ပုံနဲ့တကွ ထုတ်ပြန်ပြသထားပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု( PRA – Magway )အနေ နဲ့ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းကာ အမ်း – ပဒါန်းစစ်ဆင်ရေး အတွင်းမှာ ပါဝင်ဆောင်ရွက်နေတာတွေ ရှိပြီးတော့ စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ဖို့ အတွက်လည်း တပြိုင်တည်းအကောင်အထည်ဖော်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

ပုံ၊စာ/ PRA – Magway
ပုံ၊စာ/ PRA – Magway
ပုံ၊စာ/ PRA – Magway

LEAVE A REPLY

Please enter your comment!
Please enter your name here