CNA ၊ မြတ်သူ။
စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာ ဆန်စေ◌ျးတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့ပေါ်မှာ ဆန် ၄ ပြည်တစ်အိတ်ကို ၃၆၀၀၀ကျပ်ထိ စေ◌ျးထိ မြင့်တက်နေတာကြောင့် ဒေသခံပြည်သူတွေဟာစားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျောက်ဖြူမြို့ဒေသခံ တစ်ဦးက CNA ကို ပြောပါတယ်။
“မြို့ပေါ်မှာက ပြည်သူက ထက်ဝက်လောက်ပဲကျန်တော့တယ်အခုဆန်းစေ◌ျးတွေက ကျောက်ဖြူမှာတော်တော်တက်နေတယ်။ ၄ပြေတစ်အိတ်ကို ၃၆၀၀၀ ထောင်ဆိုတာ တစ်ခါမှ မဖြစ်ဖူးတဲ့ စေ◌ျးဖြစ်နေတယ်။ပြည်သူတွေလည်းတော်တော် အခက်အခဲတွေ ဖြစ်နေတယ်”လို့ သူကပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလောက်ကတည်းကပင်တိုက်ပွဲ ဖြစ်ပွါးနေတာ ဖြစ်ပြီးတော့ အဲဒီတိုက်ပွဲ ဖြစ်ပွါးချိန်ကတည်းကပင် ဆန်စေ◌ျးတွေ ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလို ဆန်စေ◌ျးတွေ အဆမတန်မြင့်တက်လာခဲ့ရတာဟာ ဒေသအတွင်းမှာ တိုက်ပွဲ အခြေအနေ နဲ့ စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြုပ်မိုင်းအခြေနေတွေကြောင့် ဒေသခံတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ မလုပ်ဆောင်လိုက်ရတဲ့ အတွက် ဒေသထွက်ဆန်နည်းပါးကာ ဆန်စေ◌ျးတွေ အဆမတန်မြင့်တက်လာတာ ဖြစ်တယ်လို့ နောက်ထပ် ကျောက်ဖြူမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ဆနစေ◌ျးတက်တာက ဒေသအတွင်းမှာ ပြီးခဲ့တဲ့ နှစ်က လယ်ယာစိုက်ပျိုးရေး မလုပ်လိုက်ရတာကြောင့် ဖြစ်တယ် နောက်တစ်ခုက နည်းနည်းပါးပါး လုပ်တဲ့ သူတွေကလည်း တိုက်ပွဲ ဖြစ်လာတော့ ရတဲ့စေ◌ျးနဲ့ ရောင်းချပြီးတော့ စစ်ဘးရှောင်ထွက်ကြတယ်။ပြီးတော့ အခုဆန်တွေကိုက စစ်ကောင်စီ နဲ့ ပေါင်းတဲ့ စီးပွါးရေး လုပ်ငန်းရှင်တွေကပဲ ရောင်းတာ ဖြစ်တယ်။ အဲဒီလို ရောင်းပေမယ့်လည်း ဝယ်ချင်သလောက် ဝယ်လို့ ရတဲ့ အနေ အထားမှာတော့ မဟုတ်ဘူး”လို့ သူကပြောပါတယ်။
ဒီလို စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ဆန်တစ်ပြေကို ၉၀၀၀ ကျပ်ထိစေ◌ျးမြင့်တက်တာတွေ ရှိနေပေမယ့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်းမှာ ဆန်တစ်ပြေကို ၇၀၀၀ ဝန်းကျင်သာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။