ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေ ပျက်စီသွားခဲ့ရတဲ့အတွက် စာမေးပွဲပြန်လည် စစ်ဆေးသွားမယ်လို့ စစ်ကောင်စီက ဒီနေ့မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ငလျင်ကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ နေပြည်တော်
တို့မှာ စစ်ဆေးပြီးဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေဟာ မီး လောင်ပျက်စီးသွားခဲ့ရတယ်လို့ဆိုထားပါတယ်။
အဲဒါကြောင့် အဖြေလွှာတွေ ပျက်စီးသွားခဲ့ရတဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း နဲ့ နေပြည်တော်တို့မှာ စစ်ကောင်စီစစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၁ ရက်အထိ ပြန်လည်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီးမှု ကြောင့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်ကချင်ပြည်အတွင်းက စာမေးပွဲဖြေဆိုထားသူ စုစာပေါင်းအဖြေလွှာ ၄ သိန်းဝန်ကျင်လောက်ဟာ မီးလောင်ပျက်စီးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုလို ငလျင်ဒဏ်သင့် ဒေသကပြည်သူတွေဟာ စိုးရိမ်မှုတွေ၊ပူပင်မှုတွေ၊စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေချိန်မှာ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အတွက် လုပ်ဆောင်လာတာဟာ စာမေးပွဲဝင်ရောက်ဖြေဆိုမယ့် ကလေးငယ်တွေ အတွက် အခက်အခဲများစွာရှိလာမှာဖြစ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေကြပါတယ်။