ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက် ဧပြီလ ၂ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီဟာ ယာယီအပစ်ရပ်တာကို သက်တမ်းထပ်မံတိုးသွားမယ်လို့ မနေ့က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဧပြီလ ၂၃ ရက်နေ့က ၃၀ ရက်အထိ တစ်ပတ်တာ အပစ်ရပ်မှုကိုထပ်မံ သက်တမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။
အခုလို့ အပစ်ရပ်သက်တမ်းတိုးလိုက်တာဟာ ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပစ်ရပ်ကာလကို ထပ်မံ သက်တမ်းတိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အနေ နဲ့ အပစ်ရပ်ကြေညာထားပေမယ့် ရခိုင်အပါအဝင် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းလိုနေရာတွေကိုပါ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိပြီးတော့ ဒီအပစ်ရပ်ကြောင်းကြေညာနေတာဟာ စစ်ကောင်စီ အနေ နဲ့ နာမည်နဲ့ပဲ အပစ်ရပ်တယ်လို့ထုတ်ပြန်တာ ဖြစ်ပြီးတော့ အောက်ခြေမှာ နေ့စဉ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည် ကျောက်ဖြူမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ လက်နက်ကြီးပစ်တယ်၊ဒရုန်း နဲ့ ဗုးကြဲတယ်အမျိုးမျိုးလုပ်နေတယ်။စစ်ကြောင်းထိုးတာတွေလည်း လုပ်တယ်။ULA က စစ်ကြောင်းထိုးတယ်ဆိုတာတော့မရှိဘူး စစ်ကောင်စီက စစ်ကြောင်းထိုးမှသာ ခုခံစစ်အတွက်လုပ်ထားတယ်။အဲဒီလို စစ်ကြောင်းမထိုးရင်လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်နေတာပဲ။အပစ်ရပ်တာက နာမည်ပဲရပ်ထားတာ အောက်ခြေမြေပြင်မှာက ပစ်နေကြတာပါပဲ”လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ အပစ်ရပ်ကာလဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း KNU ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ သထုံ၊ ဘားအံ၊ဘီးလင်း၊ ဖာပွန်၊ ကော့ကရိတ် နဲ့ ကျုံဒိုးကနေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ပြည်သူ ၂၀ ထက်မနည်းသေဆုံးခဲ့ရပြီတော့ ၃၀ ထက်မနည်းတဲ့ ပြည်သူတွေဟာလည်း ထိခိုက်ဒဏ်ရာ ရတာရှိခဲ့ရပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?