စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့က နေ ၂၂ ရက်နေ့ အပစ်ရပ်ကြောင်းကြေညာချက်ထုတ်ထားပြီး နောက်ထပ် အပစ်ရပ်ကြောင်းကို သမ်းတမ်းတိုးမယ်လို့ ထုန်ပြန်ချက် မလုပ်ဆောင်ခင်မှာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းကနေတဆင့် ဗုံး (၂)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ဧပြီလ (၂၂)ရက် မနက် ၁ဝ နာရီ ၃ဝ မိနစ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးတာ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အပစ်ရပ်ကာလ ဧပြီလ (၂၁)ရက်နေ့မှာလည်း စစ်ကောင်စီဟာ တောင်ခမ်းကျေးရွာမှာရှိတဲ့ (၉ဝ၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဟာ အဆိပ်ငွေ့ဗုံး (၁၅)လုံးလာရောက်ကြဲချခဲ့တာရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီအဆိပ်ငွေ့ဗုံးကြောင့် TNLAတပ်သား (၁ဝ)ဦး ထိခိုက်ဒဏ်ရာရခဲ့ရပြီး အဲဒီထဲက (၃)ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဒီအဆိပ်ငွေ့ဗုူးကြောင့် TNLAတပ်သားတွေဟာ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာဖြစ်တာ၊စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာ၊ အောက်စီဂျင်ကျတဲ့ ဝေဒနာတွေကိုခံစားရပြီးတော့ ဆေးကုသမှုတွေလည်းခံယူနေရတယ်လို့ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ (၂၂)ရက်အထိ အပစ်ရပ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်တဲ့ မြိုနယ်တွေကို စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲအနေ နဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေ နဲ့ လူထုရဲ့ အခက်အခဲတွေကို စားနာထောက်ထားတာကြောင့် ထိုးစစ်တွေကို တစ်လတာအကြာ တစ်ဖက်သတ်အပစ်ရပ်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ထိုးစစ်တွေကို ရပ်နားထားကြပါတယ်။
စစ်ကောင်စီကလည်း အပစ်ရပ်ကာလကို ဧပြီလ ၂၃ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မနေ့က ထပ်မံထုတ်ပြန်ပြောဆိုထားပါတယ်။





Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.info/en-NG/register?ref=YY80CKRN
**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.