Home သတင်း စစ်ရေး ကျောက်ဖြူက တရုတ်စီမံကိန်းတွေရဲ့အနာဂတ်ဟာ AA လက်ထဲရောက်နေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ပြောဆို

ကျောက်ဖြူက တရုတ်စီမံကိန်းတွေရဲ့အနာဂတ်ဟာ AA လက်ထဲရောက်နေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ ပြောဆို

44
0

ကျောက်ဖြူမြို့မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော်(AA) ရဲ့ လက်ထဲကိုရောက်နေပြီးဖြစ်တယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AWO) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ဝေတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် (AA) ဟာ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ ကျေးရွာအုပ်စုပေါင်း ၅၄ ခုထဲက ၅၀ ကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်သလို ကျောက်ဖြူမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက်လည်း စစ်ရေးအင်အား အပြည့်ရှိနေပြီးဖြစ်တယ်လို့လည်း Arakan Oil Watch အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ဟာ ၂၀၂၄ခုနှစ် အောက်တိုဘာလအထိ စစ်ကောင်စီ ရဲ့အခြေစိုက်တပ်စခန်းတွေ နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုးလုပ်ဆောင်တာ မရှိခဲ့ပေမယ့်လည်း ဒီ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဓညဝတီရေတပ်စခန်းအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်လုံခြုံရေးကင်းလှည့်တဲ့အဖွဲ့ကို အာရက္ခတပ်တော်က စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ရတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွါးလာချိန်မှာ စစ်ကောင်စီတပ်တွေကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေကြောင့် ရွှေသဘာဝဓာတ်ငွေ့ ပိတ်လိုင်းအနီးမှာ ရှိတဲ့ ကြက်တိန်၊ကတ်သပြေ နဲ့ ဉဂင်စတဲ့ ကျေးရွာ ၃ ရွာကအိမ်ခြေ ၂၀၀ ခန့် လောက်ဟာလည်း စစ်ကောင်စီရဲ့ လက်ချက် နဲ့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအလယ်လောက်မှာလည်း စစ်ကောင်စီတပ်တွေရဲ့ ဒရုန်းသုံးတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၅ ရွာလောက်ဟာ ထပ်မံမီးလောင်ပျက်စီးခဲ့ရတဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ ထိရှိလာခဲ့ရတယ်လို့ လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းတွေအပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတွေ အာရက္ခတပ်တော် နဲ့ ဆွေးနွေးတာ၊ပူးပေါင်းတာတွေ မလုပ်ဆောင်ဘူးဆိုရင် အဲဒီစီမံကိန်းတွေ လည်ပတ်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူလို့ အစီရင်ခံစာထဲမှာ ထောက်ပြပြောဆိုထားသလို တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကိုဘက်လိုက်ပြီးတော့ ပိုမိုလုပ်ဆောင်တာ၊ ပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာ နဲ့ အဲဒီစက်လက်နက်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာထောက်ပံ့နေခြင်းရဲ့ တန်ပြန်အကျိုးသက်ရောက်မှုတွေအနေ နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုတွေကို ရပ်တန့်သွားစေနိုင်သလို ရခိုင်ပြည်နယ်က ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ထိခိုက်သွားစေနိုင်တယ်ဆိုတာကိုလည်း သတိပြုသင့်တယ်လို့ အကြံပြုပြောပြထားပါတယ်။

လက်ရှိ အစီရင်ခံစာထုတ်ပြန်ထားတဲ့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကိုစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်မှာ အာရက္ခတပ်တော် နဲ့စစ်ကောင်စီတို့ရဲ့ တကျော့ပြန်တိုက်ပွဲဟာ ပြီးခဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းကပင်စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ လက်ရှိ အာရက္ခတပ်တော်ပလက်ဝဒေသ အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်သလို ကျန်နေသေးတဲ့ စစ်တွေ၊ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here