Home နိုင်ငံရေး စောမြရာဇာလင်းဦးဆောင်တဲ့ ALP ပါတီ စစ်တွေမှာ ခွေးကျော် ကြောင်းနင်းဘဝကို ခံစားခဲ့ရတယ်လို့ဆို

စောမြရာဇာလင်းဦးဆောင်တဲ့ ALP ပါတီ စစ်တွေမှာ ခွေးကျော် ကြောင်းနင်းဘဝကို ခံစားခဲ့ရတယ်လို့ဆို

39
0
ပုံရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေး

စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ပါတီဟာ စစ်တွေမှာ ခွေးကျော် ကြောင်နင်းဘဝကို ခံခဲ့ရတယ်လို့ ပါတီဥက္ကဌကြီးဖြစ်တဲ့ စောမြရာဇာလင်းက ပါတီပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဲဒီလို ပါတီကို ခွေးကျော်၊ကြောင်နင်းဖြစ်လာချိန်မှာ သူ့အနေ နဲ့ အထူးစိတ်မကောင်းလည်းဖြစ်ခဲ့ရတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဥက္ကဌကြီးဖြစ်တဲ့ စောမြရာဇာလင်းက အခုလို ပြောဆိုထားပါတယ်။

“ပါတီကို စစ်တွေ မြို့မှာ ခွေးကျော်၊ကြောင်နင်းဖြစ်လာခဲ့တယ်။ငါတော်တော်စိတ်မကောင်းဖြစ်လာတယ်။ငါ့ကိုကူညီဖို့ ခေါင်းဆောင်တွေလည်း တစ်ယောက်မှ မရှိဘူး။အဲဒီလိုအချိန်မှာ ငါ့အနားမှာရှိနေတဲ့ ရဲဘော်တွေကွယ်လွန်သွားတဲ့ ဆရာခိုင်နိုင်အောင်တို့ နဲ့ ငါတိုင်ပင်ခဲ့တယ်။ဒီပါတီဟာ သမိုင်းရှိတဲ့ ပါတီဖြစ်တယ် ဒီပါတီမပျက်စီးစေရဘူး အိန္ဒယနိုင်ငံမှာ လူ ဆယ်ကိုးယောက်။ထိုင်းမှာတစ်အိမ်တစ်အိမ်။စစ်တွေမြို့မှာ တစ်စု ဒီလိုပုံစံသာ ပါတီဟာ ရှိနေရင်ပိုပြီးတော့ သိက္ခာကျလာမယ် ဒါကြောင့် ဒီကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာကိုဆရာခိုင်နီအောင်မကွယ်လွန်ခင်မှာ တိုင်ပင်ခဲ့တယ်”လို့ ပါတီဥက္ကဌကြီးဖြစ်တဲ့ စောမြရာဇာလင်းက ပြောဆိုထားပါတယ်။

အဲဒီလို တိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့ နောက်မှာ စောမြရာဇာလင်းဟာ ဉက္ကဌကြီးခိုင်လည်းခိုင်ကို ၂ ကြိမ်းတိုင်တိုင်ဖုန်းဆက်ကာ ပါတီအကွဲကွဲ အပြားပြားဖြစ်နေတာကို လုပ်ဆောင်ဖို့ အတွက် ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလို သူ့အနေ နဲ့ ပြောဆိုခဲ့ပေမယ့် ဉက္ကဌကြီးခိုင်လည်းခိုင်က ဆရာမ အနေ နဲ့ ငြိမ်ချမ်းရေးကို မစွန့်လွတ်နိုင်ရင် မိမိသဘောအရမိမိတို့ လူနဲ့ လုပ်ကိုင်ဆောင်ရွက်လို့ ရပြီးတော့ တစ်ဦးကိုတစ်ဦး အနှောက်အယှက်မပေးဖို့ကိုလည်း ပြောဆိုခဲ့ပြီးနောက်မှာ သူအနေ နဲ့ ဆုံးဖြတ်ချက်ခိုင်မာလာတာကြောင့် သူအနေ နဲ့ ၂၀၂၃ မတ်လ ၅ ရက်နေ့မှာ ဒီပါတီသမိုင်းမပျောက်ရအောင် သူ့အနေ နဲ့ ဦးဆောင်ကာ ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့လည်း စောမြရာဇာလင်းကဆိုထားပါတယ်။

ဒါ့အပြင် စောမြရာဇာလင်းဦးဆောင်တဲ့ ပါတီကို သတင်းမီဒီယာတွေကို နည်းလည်းမျိုးစုံ နဲ့ အသုံးချကာ တိုက်ခိုက်ခဲ့တဲ့ အတွက်လည်း ပါတီတွင်းမှာရှိတဲ့ ရဲဘော်တွေဟာ ပါတီကနေ နူတ်ထွက်သွားတာတွေလည်း များစွာရှိခဲ့ရတယ်လို့လည်း စောမြရာဇာလင်းကဆိုထားပါတယ်။

အဲဒါကြောင့် သူတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကိုလည်း ရည်မှန်းချက်မပျက်ဘဲ ဆက်လက်ချီတက်ကာ လုပ်ဆောင်သွားကြဖို့ အတွက်ကိုလည်း စောမြရာဇာလင်းက ရဲဘော်တွေကို အမှာစကားပြောဆိုတဲ့အထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။ဒါ့အပြင် ရခိုင်ပြည်အတွက် အလုပ်လုပ်နေတဲ့ ပုဂ္ဂိုတွေဟာ ရခိုင်သားတွေကိုချစ်မြတ်နိုးရမှာ ဖြစ်သလို ရခိုင်ပြည်တွင်းမှာနေထိုင်ကြတဲ့ ဘယ်လူမျိုးတွေကို မဆိုလည်း ချစ်မြတ်နိုးရမှာ ဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုထားပါတယ်။

စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ပါတီဟာ ရန်လိုတဲ့ ပါတီတစ်ခုမဟုတ်ပဲ ပြည်သူလူထုတွေကို ချစ်ခင်မြတ်နိုးပြီး ကောင်းတဲ့ အလုပ်ကို လုပ်ဆောင်နေတဲ့ ပါတီတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီ နဲ့ ပူးပေါင်းကာ မားမားမတ်မတ်ရပ်တည်နေတာဟာ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုစာချုပ်မှာလက်မှတ်ရေးထိုးထားခြင်းကို မချိုးဖောက်ဘဲ ရပ်တည်နေရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဒီရခိုင်ပြည်လွတ်မြောက်ရေးပါတီALP ကို ၁၉၇၆ မှာ ဥက္ကဌကြီး ခိုင်မိုးလင်းက တည်ဆောက်ခဲ့တဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ဥက္ကဌကြီး ခိုင်မိုးလင်း ဦးဆောင်တည်ဆောက်ခဲ့တဲ့ ALP ပါတီမှာ ၃ ခြမ်းကွဲနေပြီလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here