Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု နောင်ချိုမြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာအပြင် အဆိပ်ငွေ့ဗုံးနဲ့ပါ တိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေ

နောင်ချိုမြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာအပြင် အဆိပ်ငွေ့ဗုံးနဲ့ပါ တိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေ

31
0

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ အပြင် အဆိပ်ငွေဗုံးတွေ နဲ့ ပါ လေကြောင်းက ကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က ဧပြီလ ၂၄ ရက်နေ့ ညနေ (၆း၂၄)ကနေ (၆း၅ဝ)နာရီအထိ စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်ကြမ်းကျေးရွာအနီးတွင် Y-12ဖြင့် ဗုံး (၂၇)လုံးလာရောက်ကြဲချတိုက်ခိုက်တာ ရှိခဲ့တာရှိခဲ့တယ်လို့ ဆိုထားပါတယ်။အဲဒီလိုပဲ ညနေ ၇ နာရီ ၂၉ မိနစ်မှာလည်း စစ်ကောင်စီဟာ အုမ္မတီးကျေးရွာအနီးမှာ ဖြစ်နေတဲ့ တိုက်ပွဲအတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံးကို ထပ်မံလာရောက်ကြဲချတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု နဲ့ TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု ရှိ/မရှိဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။ပြီးခဲ့တဲ့ ဧပြီလ (၂၁)ရက်နေ့က တောင်ခမ်းကျေးရွာရှိ(၉ဝ၂)တပ်စခန်းအနီးမှာ TNLA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ဖြစ်ပွါးနေတဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး(၁၅)လုံးနဲ့ လာရောက်ကြဲချခဲ့တိုက်ခိုက်ခဲ့တာရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှု အတွင်းမှာတော့ TNLAတပ်သား (၁ဝ)ဦးဟာ ထိခိုက်ဒဏ်ရာရခဲ့ရပြီးတော့ အဲဒီထဲက (၃)ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုထားပါတယ်။အဲဒါတွေ အပြင် TNLAတပ်သားတွေဟာ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာဖြစ်တာ၊စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာ နဲ့ အောက်စီဂျင်ကျဝေဒနာခံစားရတာတွေကြောင့် ဆေးကုသမှုခံယူခဲ့ရတယ်လို့ဆိုထားပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်သက်တမ်းကို ဧပြီလကုန်အထိ ထပ်မံတိုးထားတယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာ နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here