Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီဟာ ရာသီဥတုအခြေအနေတွေကြောင့် စက်တပ်လေထီး Paramotor အစား ဂျိုင်ရိုကော်ပတာ (Gyrocopter)ကို အသုံးပြုတိုက်ခိုက်တာရှိလာနိုင်

စစ်ကောင်စီဟာ ရာသီဥတုအခြေအနေတွေကြောင့် စက်တပ်လေထီး Paramotor အစား ဂျိုင်ရိုကော်ပတာ (Gyrocopter)ကို အသုံးပြုတိုက်ခိုက်တာရှိလာနိုင်

87
0

စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး Paramotor အစား ဂျိုင်ရိုကော်ပတာ (Gyrocopter)ကို အသုံးပြုကာတိုက်ခိုက်ရေးတွေကို ပြုလုပ်လာနိုင်တယ်လို့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ “ဝေဟင်(WaiHin)အဖွဲ့က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန် သတိပေးပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းကတည်းကပင် အသုံးစရိတ်ချွေတာတဲ့ အနေ နဲ့ စက်တပ်လေထီး Paramotorကို အသုံးပြုပြီးတော့ နေ့ညမပြတ် တော်လှန်ရေးတပ်တွေ နဲ့ ပြည်သူတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီးတော့ ဒီရက်ပိုင်းတွေမှာ ရာသီဉတု ဆိုးရွားတဲ့ အခြေအနေတွေ ၊လေကြမ်းတိုက်ခတ်တာတွေဖြစ်တဲ့ကာလကို ရောက်လာတော့မှာ ဖြစ်တဲ့ အတွက် လက်ရှိစစ်ကောင်စီက အသုံးပြုနေတဲ့ စက်တပ်လေထီး Paramotor ပျံသန်းမှုဟာ စိန်ခေါ်မှုတရပ် နဲ့ ရင်ဆိုင်လာရတော့မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် စစ်ကောင်စီ အနေ နဲ့ လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး Paramotor အစား လေပြင်းတိုက်ခတ်မှု၊ ရာသီဥတုဆိုးရွားမှုဒဏ်ကို အထိုက်အလျောက် ပိုမိုခံနိုင်ရည်ရှိတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter)ကိုအသုံးပြုကာ တိုက်ခိုက်လာနိုင်ဖွယ်ရှိတယ်လို့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ “ဝေဟင်(WaiHin)အဖွဲ့က ပြည်သူတွေ နဲ့ တော်လှန်ရေး အဖွဲ့တွေကို သတိပေးပြောဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီ အနေ ဂျိုင်ရိုကော်ပတာ (Gyrocopter)ကိုအသုံးပြုနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာ နေပြည်တော် အနီးတဝိုက်မှာ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၁စီး ပျံသန်းနေမှုကို “ဝေဟင်”အဖွဲ့အနေ နဲ့ စတင်ကာမှတ်တမ်းယူနိုင်ခဲ့သလို ဧပြီလ ၂၄ ရက်နေ့မှာလည်း မကွေးအနီးတဝိုက်မှာ ဒီဂျိုင်ရိုကော်ပတာ (Gyrocopter) ၂စီးပျံသန်းမှု လုပ်ဆောင်နေတာကို တပ်မံမှတ်တမ်းရယူနိုင်ခဲ့တယ်လို့ လည်းပြောဆိုထားပါတယ်။

လက်ရှိစစ်ကောင်စီက အသုံးပြုလာမယ့် ဂျိုင်ရိုကော်ပတာ (Gyrocopter)ဟာ ယာဉ်အမြီး နဲ့ ကိုယ်ထည်ကြားမှာ ပန်ကာတစ်ခုရှိပြီးတော့ ယာဉ်မောင်တစ်ဦး နဲ့ နောက်တစ်ဦးစီနှင်း လိုက်ပါနိုင်တဲ့ ယာဉ်အမျိူးအစားတစ်ခု ဖြစ်ပြီးတော့ လက်ရှိ စစ်ကောင်စီက အသုံးပြုနေတဲ့ စက်တပ်လေထီး Paramotorလို အသံကျယ်လောင်စွာကြားရတဲ့ ယာဉ်အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဂျိုင်ရိုကော်ပတာ (Gyrocopter)ဟာ ပုံမှန်ပြန်သန်းမှု မြန်နူန်း အနေ နဲ့ တစ်နာရီမှာ ၉၅ မိုင်နူန်း နဲ့ ပျံသန်းနိုင်ပြီးတော့ အမြင်ဆုံးမြန်နူန်း အနေ နဲ့ကတော့ တစ်နာရီမှာ မိုင် ၁၂၀ ထိပျံသန်းနိုင်သလို ဒီယာဉ်ပျံသန်းမှုကြာချိန်အနေ နဲ့တော့ ၃ နာရီကနေ ၄ နာရီအကြာပျံသန်းနိုင်ပြီးတော့ မိုင်အားဖြင့် ၂၃၅ မိုင်ပျံသန်းနိုင်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒီဂျိုင်ရိုကော်ပတာ (Gyrocopter) ပျံသန်းနိုင်ဖို့ အတွက် ပြေးလမ်းအရှည် ၉၈ ပေလိုအပ်တယ်လို့လည်း သိရပါတယ်။

ဒီယာဉ်ရဲ့ ပုံမှန်အလေးချိန်ကတော့ ၃၀၀ ကီလိုဂရမ်ရှိပြီးတော့ ပျံသန်းမှုပြုလုပ်မယ်ဆိုရင် အလေးချိန် ၆၀၀ ကီလိုဂရမ်ထိ တင်ဆောင်ကာ ပျံသန်းနိုင်တဲ့ ယာဉ်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here