
CNA ၊မြတ်သူ။
ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာရှိပြီးတော့ မနေ့က ဧပြီလ ၂၅ ရက်နေ့မှာလည်း အရပ်သားပြည်သူနေထိုင်နေတဲ့နေရာကို ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာ ထပ်မံ လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား ၃ ဦး ထပ်မံ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီဟာ မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ကျောက်ဖြူမြို့နယ်အတွင်းမှာ ရှိတဲ့ လိပ်ခမော်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အမျိုးသမီး ၂ ဦးဟာ ထပ်မံ ဒဏ်ရာ ရရှိခဲ့ရတာ ဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးကပြောပါတယ်။
“စစ်ကောင်စီတပ်တွေက အခုတပ်တော်က အပစ်ရပ်ထားတော့ သူတို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ် ။လေကြောင်း၊ရေကြောင်း၊ဒရုန်းတွေ နဲ့ကို တိုက်ခိုက်တာ။မနေ့ကလည်း လိပ်ခမော်ကို ဒရုန်း တွေ နဲ့ အရင်ပတ်ကြည့်တယ် ရွာထဲမှာ လူရှိတယ်ဆိုတာကိုတွေ့တာနဲ့ အပေါ်က ဗုံးကြဲချတာ ၃ ယောက်ဒဏ်ရာရသွားတယ်”လို့ သူကပြောပါတယ်။
ဒဏ်ရာရသွားတဲ့ သူတွေကတော့ လိပ်ခမော်ကျေးရွာဒေသခံတွေ ဖြစ်တဲ့ အသက် ၃၀ ကျော် အရွယ် မချောစု သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် မမေသဇင်ခိုင် နဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်သိန်းသိန်းအေးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီဗုံးစထိမှန်ခဲ့တဲ့ သူတွေဟာ လိပ်ခမော် အနောက်တောင်ဘက်မှာ ရှိတဲ့ လယ်ကွင်းပြင်အတွင်းမှာ မြေပဲစိုက်ခင်း အတွင်းမြေပဲနှုတ်နေကြသူတွေ ဖြစ်ကြပြီးတော့ အဲဒီ အနီးမှာ ရှိတဲ့ ထော်လာဂျီ တစ်စီး နဲ့ HiJet ကားတစ်စီးဟာလည်း ပျက်စီးသွားခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း ရေနံတောင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ ရတာ ရှိခဲ့ရသလို နေအိမ် ၆ ဆောင်ထက်မနည်းဟာလည်း မီးလောင်ပျက်စီးတာရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီဟာ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် ဧပြီလကုန်တဲ့ အထိ အပစ်ရပ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ကျောက်ဖြူမြို့နယ် အတွင်းမှာတော့ အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူလိုစိတ် နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ရေကြောင်းကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လေကြောင်းကနေတဆင့် ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်းအပစ်ရပ်ကာလမှာ ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခ ကလည်း စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ အပစ်ရပ်ကြေညာချက် ထုတ်ပြန်ပြီး ရက်ပေါင်း ၂၀ အတွင်းမှာ စစ်ကောင်စီက ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေ နဲ့ ပေါက်တောမြို့တွေကို ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၄၀၉ ကြိမ်လုပ်ဆောင်ခဲ့တာ ရှိပြီးတော့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး၊ ၂၈ ဦးဟာလည်း ဒဏ်ရာရရှိခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။အဲဒါတွေ အပြင် နေအိမ် ၂၁ လုံး၊ ဆိုင် ၂ ဆိုင် နဲ့ ဘာသာရေးအဆောက်အဦး ၁ လုံးအပါအဝင် အဆောက်အဦးအများအပြားလည်းထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ အနေ နဲ့ အပစ်ရပ်ထုတ်ပြန်ထားပြီး အခုလိုတိုက်ခိုက်မှုလုပ်ဆောင်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။




I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.