Home လူ့အခွင့်အရေး အာရက္ခတပ်တော် တပ်မှူးချုပ် ဇနီး ဦးဆောင်ကာ ဂေါတမီရင်ခွင် အမည်ရှိ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်

အာရက္ခတပ်တော် တပ်မှူးချုပ် ဇနီး ဦးဆောင်ကာ ဂေါတမီရင်ခွင် အမည်ရှိ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်

42
0

CNA ၊ လင်းလင်း။

အာရက္ခတပ်တော်တပ်မှူးချုပ် ဇနီး ဒေါ်နှင်းဇာဖြူဦးဆောင်ကာ ဂေါတမီရင်ခွင် အမည်ရှိ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာကို ဦးဆောင်ကာ တည်ထောင်လိုက်တယ်လို့ သူမ ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဧပြီလ ၂၃ ရက်နေ့က ရေးသားပြောဆိုလာခဲ့ပါတယ်။

ဒီဂေါတမီရင်ခွင် အမည်ရှိ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးဂေဟာကို အစပြုလုပ်ဆောင်နေတာဟာ ၄ လကျော်ထိ ရှိနေပြီးဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ဒီဂေဟာကို သူ့ အနေ နဲ့ စတင်တည်ထောင်ရတာဟာ အခြေအနေတခုမှာ အကြောင်းအမျိုးမျိုးနဲ့ မိဖရင်ခွင်ပျောက်သွားကြရတဲ့ ကလေးငယ်တွေကို မိထွေးတော် ဂေါတမီရဲ့ မြင့်မြတ်တဲ့ မေတ္တာ နဲ့ စိတ်ဝိဉာဏ်ကို ခံစားသက်ဝင်ပြီးတော့ ကလေးတွေ အပေါ်မှာ လေးနက်တဲ့ အဓိပ္ပါယ်၊ မေတ္တာတရား နဲ့ အနာဂတ်တွေမပျောက် ဆုံးသွားအောင် ပြုစုစောင့်ရှောက်ပေးသွားနိုင်ဖို့ အတွက် ဒီ”ဂေါတမီရင်ခွင် “ဆိုတဲ့ အမည်ကို ရွေးချယ်ကာသူကိုယ်တိုင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီ ဂေါတမီရင်ခွင်အတွင်းကို ရောက်ရှိလာတဲ့ ကလေးငယ်တိုင်းကို လူမျိုးဘာသာမရွေး မေတ္တာတရားအပြည့်ပေးပြီးတော့ စောင့်ရှောက်မှုတွေ ပေးအပ်သွားမဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

လက်ရှိမှာတော့ ဂေါတမီရင်ခွင်ရိပ်အရိပ်ကို ပထမဆုံးအနေ နဲ့ အဟာရချို့တဲပြီးရောက်လာတဲ့ သမီးငယ်လေး “အိမ်စိုးမေ”ဆိုတဲ့ ကလေးငယ်တစ်ဦးရှိနေပြီး နောက်ထပ်ရင်ခွင်ပျောက်ကာ ရောက်လာမယ့် ကလေးငယ်တွေ အတွက်ကိုလည်း ဂေါတမီရင်ခွင်က အမြဲတမ်းကြိုဆိုနေတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here