Home သတင်း မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ ချင်းအမျိုးသမီးအတွက် ကျူးလွန်သူတွေကိုလွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ အာရက္ခတပ်တော်ကို GKYA တောင်းဆို

မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ ချင်းအမျိုးသမီးအတွက် ကျူးလွန်သူတွေကိုလွတ်လပ်စွာစုံစမ်းစစ်ဆေးဖို့ အာရက္ခတပ်တော်ကို GKYA တောင်းဆို

38
0
Photo - Google

အာရက္ခတပ်တော် ရဲ့ ရဲဘော် ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနက် ၁၀ နာရီ ၁၂ မိနစ်အတွင်းမှာ ချင်းပြည်နယ် ၊ပလက်ဝမြို့ စိမ်းစင်ကျေးရွာက အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်းပြီးနောက် ရေနစ်သတ်ဖြတ်ရန် လုပ်ဆောင်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို မုဒိမ်းမှု ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးဟာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ ကျေးရွာကနေ ယာခင်းထဲအသွားမှာ အာရက္ခတပ်တော်ရဲ့ ရဲဘော် ၂ ဦးက အလိုမတူဘဲ အတင်းအဓမ္မ မုဒိမ်းမှု ကျူးလွန်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီလို အလိုမတူဘဲ မုဒိမ်းမှု ကျူးလွန်ပြီးနောက်မှာတော့ အာရက္ခတပ်တော် ရဲ့ ရဲဘော် နှစ်ဦးဟာ အဲဒီအမျိုးသမီးကို ရေနစ်သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာလည်း ရှိခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ လူ့အခွင့်အရေး နဲ့ အပြည်ပြည်ဆိုင်ရာလူသားခြင်းစာနာမှုဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်တာ ဖြစ်သလို ဒေသအတွင်းမှာ ရှိနေတဲ့ အမျိုးသမီးတွေ ရဲ့ လုံခြုံရေး နဲ့ ဂုဏ်သိက္ခာကို ခြိမ်း ခြောက်စေတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ Global Khumi Youth Association (GKYA) ကပြောဆိုထားပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော် အနေနဲ့ မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ရဲဘော် ၂ ဦးကို အာရက္ခတပ်တော် အနေ နဲ့ အမှု နဲ့ပတ်သက်ပြီး လွတ်လပ်စွာစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံးလုပ်ဆောင်ပေးတာ၊ကျူးလွန်ခံရသူကို စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာ၊လုံခြုံရေး နဲ့ ဉပဒေအကာအကွယ်ပေးတာ နဲ့ တခြားလိုအပ်ချက်တွေကိုလည်း ကူညီပံ့ပိုးပေးတာတွေ အပြင် ကျူးလွန်သူတွေကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊နိုင်ငံတကာဥပဒေလုပ်ထုံးလုပ်နည်းတွေ နဲ့ အညီ ပွင့်လင်းမြင်သာစွာတရားစွဲအရေးယူအပြစ်ပေးတာတွေကို လုပ်ဆောင်ပေးဖို့ကို Global Khumi Youth Association (GKYA) က တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်(ULA/AA) အနေ နဲ့ နောက်နောင်တွေမှာလည်း အထူးသဖြင့် အမျိုးသမီးတွေ ၊ကလေးသူငယ်တွေ နဲ့ ပြည်သူတွေ ရဲ့ လွတ်လပ်မှု၊တရားမျှတမှု နဲ့ လုံခြုံတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို ခြွင်းချက်မရှိရပ်ဆိုင်းဖို့ ကိုလည်း တောင်းဆိုတယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်တွင်းမှာရှိနေတဲ့ လူ့အခွင့်အရေး နဲ့ အမျိုးသမီးအခွင့်အရေး အတွက် တက်ကြွလှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ၊အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေ နဲ့လည်း ကျူးလွန်ခံရတဲ့ အမျိုးသမီးအတွက် တရားမျှတမှု ရရှိနိုင်ဖို့ ဝိုင်းဝန်းကူညီတာတွေ လုပ်ဆောင်ပေးဖိုးကိုလည်း Khumi Youth Association (GKYA) က တောင်းဆိုထားပါသေးတယ်။

အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခက တော့ ဒီမုဒိမ်းမှု ဖြစ်စဉ်ဖြစ်ပွါးခဲ့တာဟာ မှန်ကန်ပြီးတော့ လက်ရှိမှာလည်း အဲဒီမုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ အာရက္ခတပ်တော် ရဲ့ ရဲဘော် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းတာ လုပ်ဆောင်ထားပြီးနောက် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီကိစ္စကို တရားမျှတမှု ရရှိနိုင်ဖို့ အတွက် ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here