ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဖြစ်ပွါးခဲ့တဲ့ TNLA နဲ့ စစ်ကောင်စီတပ်တွေ ရဲ့ နှစ်ဖက်တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး (၁၁)လုံး နဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တယ်လို့ TNLAက မနေ့က သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ TNLA တပ်တွေဟာ မနေ့က ဧပြီလ ၂၉ ရက်နေ့မှာ အာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြိုနယ်၊ တောင်ခမ်းကျေးရွာမှာ ရှိတဲ့ (၉၀၂)တပ်စခန်းအနီးမှာနှစ်ဖက် တိုက်ပွဲ ဖြစ်ပွါးခဲ့တာ ရှိပြီးတော့ စစ်ကောင်စီတပ်က မနက် ၈ နာရီကနေ ညနေ ၄နာရီကျော်အထိ အခုလို အဆိပ်ငွေ့ဗုူး နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာကိုတော့ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်း နဲ့ (၄၅၃)တပ်စခန်းတွေက နေ (၁၂၀ မမ) နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမယ့် ဒီတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ နဲ့ TNLA တပ်ဖွဲ့ ဝင်တွေ ထိခိုက်မှု ရှိမရှိဆိုတဲ့ အခြေအနေတွေကိုတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ မတွေ ရပါဘူး။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နဲ့ ၂၇ ရက်နေ့ တွေကလည်း စစ်ကောင်စီတပ်တွေဟာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့ နဲ့ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာတွင်းကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ နဲ့ လေကြောင်းကနေ တဆင့် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။


အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ TNLA တပ်ဖွဲ့ဝင်တွေ ထိခိုက်တာ ရှိခဲ့ပြီးတောာ့ တပ်သာတွေဟာ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာဖြစ်တာ၊စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာ အောက်စီဂျင်ကျတဲ့ ဝေဒနာတွေကိုခံစားခဲ့ရပြီး ဆေးကုသမှုတွေလုပ်ဆောင်ပေးခဲ့ရတဲ့ အထိရှိခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးသင့်ကာလမှာ ဧပြီလကုန်တဲ့ အထိ ယာယီအပစ်ရပ်စဲမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေမှာတော့ စစ်အင်အားများ ဖြည့်တင်းတာ၊ ထိုးစစ်ဆင်များ ပြုလုပ်တာ၊ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ နေရာတွေကို လေကြောင်း နဲ့ လာရောက်ဗုံးကြဲတာ စတာတွေကို လုပ်ဆောင်နေတယ်လို့လည်းဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ စစ်ကောင်စီဟာ ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ကို လုပ်ဆောင်ခဲ့ပြီးတော့ အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၉ ဦးပါဝင် အရပ်သားပြည်သူ ၂၄၀ ကျော်သေဆုံး ခဲ့ရတယ်လို့ ဧပြီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန် ပြောဆိုထားပါသေးတယ်။