Home သတင်း မြေလတ်အသံ သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့် ကို အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်တာကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ IMJA ထုတ်ပြန်

မြေလတ်အသံ သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့် ကို အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်တာကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ IMJA ထုတ်ပြန်

32
0
ပုံ - မြေလတ်အသံ - Myaelatt Athan

CNA ၊ဧပြီ ၊ ၃၀ ။

မြေလတ်အသံ သတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့် ကို စစ်ကောင်စီက မတရားဖမ်းဆီးပြီးတော့ အကြမ်းဖက်ပုဒ်မတပ်ကာ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တာကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA )ထုတ်ပြန်လာပါတယ်။

မြေလတ်အသံသတင်းဌာနက သတင်းထောက်ကို သန်းထိုက်မြင့်ကို စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မြန်အောင်မြို့နယ် ၊ အင်ပင်မြို့က သူရဲ့ နေအိမ်အတွင်းမှာနေထိုင်စဉ် စစ်ကောင်စီတပ်တွေ ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကိုသိန်းထိုက်မြင့်ကို စစ်ကောင်စီရဲ့ မြန်အောင်အခြေစိုက် ခလရ ၅၁ တပ် စစ်ကြောရေးထဲမှာ ၇ ရက်ခန့် ရိုက်နှက်စစ်ဆေးခဲ့ပြီးနောက်မှာတော့ မြန်အောင်မြို့ ရဲစခန်းအချုပ်ကို ပို့ဆောင်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ စစ်ကောင်စီက တရားစွဲ ဆိုခဲ့တာဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ် ဧပြီလ ၃ရက်နေ့မှာတော့ စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ကာ ဟင်္သာတအကျဉ်းထောင်သို့ ပို့ဆောင်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ အနေ နဲ့ အခုလို သတင်းသမားတွေကို ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ်များချမှတ်ခြင်းဖြစ်ရပ်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချပြီး သတင်းမီဒီယာသမားတွေအပေါ် မှာကျူးလွန်တဲ့ ပြစ်မှုတစ်ခုအနေနဲ့ IMJAက မှတ်တမ်းတင်ထားတယ်လို့လည်းဆိုထားပါတယ်။

စစ်ကောင်စီအနေ နဲ့ သတင်းသမားတွေကို ဖမ်းဆီးပြီးတော့ အကြမ်းဖက်သတ်ဖြတ်တာ၊ အကြမ်းဖက်ပုဒ်မ အမျိုးမျိုး တပ်ပြီးတော့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်တာတွေကို လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)ရဲ့ သုတေသနစာတမ်းပါ အချက်အလက်တွေမှာ စစ်ဆေး တွေ့ရှိရပြီးတော့ ဒီလိုလုပ်ရပ်တွေကို စစ်ကောင်စီ အနေ နဲ့ ချက်ခြင်းရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားများအားလုံးကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို တိုက်တွန်း တောင်းဆိုတယ်လို့ လည်း IMJA က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီလို သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီး ၊ သတ်ဖြတ် ၊ ထောင်ချနေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူမှုတွေ ပြုလုပ်ကြဖို့ကိုလည်းလွတ်လပ်သောမြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစပြီးတော့ ဒီနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးထားခဲ့ပါတယ်။ အဲဒီထဲက သတင်းသမား ၄၇ ဦးကိုလည်း စစ်ကောင်စီက လက်ရှိအချိန်အထိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးထားဆဲဖြစ်သည်။
·

LEAVE A REPLY

Please enter your comment!
Please enter your name here