Home သတင်း စစ်ရေး နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်ကာကင်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး

နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်ကာကင်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး

23
0

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၈ နာရီက နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်း ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ် ပဇီရွာတပ်စခန်းက လုံခြုံရေး ယူဖို့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၂၀ ပါတဲ့ စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က ကြားဖြတ်တိုက်ခိုက်ခဲ့တာကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၉ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ သူတွေလည်း ရှိသလို အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ MAအမျိဒးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက် နဲ့ ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ရဲ့ ကြားဖြတ်တိုက်ခိုက်တာကို ခံခဲ့ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နတ်ရေကန်တပ်စခန်းမကျရှုံးစေရေးအတွက် ပဇီကျေးရွာက ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ တပ်စွဲနေထိုင်နေကြတဲ့ ကပစ -၁၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီ ပဇီကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းမှာ တပ်မ (၉၉)၊ကပစ (၂/၁၀/၁၃/၁၄)တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ လောက်ဟာလည်း နေထိုင်နေတာတွေ ရှိပြီးတော့ အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအတွင်းမှာ ရှိတဲ့ ပြည်သူပိုင်နေအိမ်အတွင်းက ပစ္စည်းတွေကိုလည်း ထုတ်ယူရောင်းချမှုတွေကို လုပ်ဆောင်တာရှိနေတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)က ထုတ်ပြန်ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here