တရုတ်နိုင်ငံ ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီ နဲ့ PSLF/TNLA တို့ ဟာ အပစ်အခတ်ရပ်စဲနိုင်ရေးအတွင် ဧပြီလ (၂၈)နဲ့ (၂၉)ရက်နေ့တွေမှာ တရုတ်နိုင်ငံကူးမင်းမြို့မှာ တွေ့ဆုံးဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီဆွေးနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို စစ်ကောင်စီဘက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ကာ တက်ရောက်ခဲ့ကြတယ်လို့ဆိုထားပါတယ်။
အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က တက်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေက PSLF/TNLA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် ဒေသကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန် နဲ့ မန်တုံမြိုနယ်အတွင်းထိ တအာင်းတပ်မတော် တပ်ဖွဲများအားလုံးဟာ ပြန်လည်ဆုတ်ခွါဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီတောင်းတောင်းဆိုချက်ကို PSLF/TNLA ကိုယ်စားလှယ်တွေက သဘောမတူနိုင်တာကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုဟာ ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရေး အတွက်ကို လာမည့်ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ကို သဘောတူညီခဲ့ကြရတယ်လို့ဆိုထားပါတယ်။
လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်အတွက်ကို တရုတ်က ကြားဝင်ကာစေ့စပ်ပေးနေခြင်းဖြစ်သည်။
စစ်ကောင်စီဟာ PSLF/TNLA ကိုလည်း ကိုးကန့်တပ်ဖွဲ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ဖို့ အတွက်ကို တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းကနေပြီးတော့ ကမကထပြုအလေးထားကြိုးပမ်းနေတာဖြစ်ပြီးတော့ နှစ်ဖက်တွေ့ဆုံမှုကိုလည်း အမြန်ဆုံး တိုးတက်လာစေရန်ဖို့ဆောင်ရွက်ခဲ့တယ်လို့ လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။