Home သတင်း စစ်ရေး ကျောက်ကြီးမြို့က စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူး အပါအဝင်တပ်သား၂၀ကျော် သေဆုံး

ကျောက်ကြီးမြို့က စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူး အပါအဝင်တပ်သား၂၀ကျော် သေဆုံး

17
0

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်အတွင်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေတဲ့ တပ်စခန်း ၆ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်လာပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်အတွင်းက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာ အပါအဝင် နောင်ကုန်းတံတားမှာ အထိုင်းချထားတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှာ တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တွေက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် တပ်သား (၂၀)ကျော် သေဆုံးခဲ့ရသလို အများအပြား ထိခိုက်ဒဏ်ရာရရှိကာ တပ်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒီတပ်စခန်းတွေက လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နဲ့ ခဲယမ်း၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့ ၊တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ကပူးပေါင်းကာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here