လက်ရှိ ဗန်းမော်တိုက်ပွဲတွေ မှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော်ရဲ့ ရဲဘော်တွေ အနေ နဲ့ ဗန်းမော်မြို့ကို သိမ်းပြီးတော့ ကချင်ပြည်သူတွေကို လက်ဆောင်ပေးနိုင်အောင်လုပ်ဆောင်ဖို့အတွက်ကို အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖုန်း နဲ့ Videocall ခေါ်ဆိုကာ ရဲဘော်တွေကို မှာကြားခဲ့တယ်လို့ Kachin Offcial Page မှာရေးသားဖော်ပြထားပါတယ်။
ရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အမှာစကားကတော့ “လက်ရှိ ဗန်းမော် တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ ငါရို့ စစ်သည်တော်တွေအနေနဲ့ ရဲရဲဝံ့ဝံ့တိုက်ခိုက်ပါ ရန်သူကို မညှာနဲ့ ဗန်းမော်မြို့ကြီးကို သိမ်းပိုက်ပြီး ကချင်ပြည်သူတွေ ကို လက်ဆောင်ပေးဖို့ စစ်သည်တော်တွေ ကြိုးစားပါ”လို့ မှာကြားခဲ့တယ်လို့ စစ်ဦးစီးချုပ်အမှာစကား ကောက်နှုတ်ချက်ဆိုကာ Kachin Offcial Page မှာရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ကချင် / KIA ဟာ ရခိုင်နဲ့ အာရက္ခတပ်တော်(ULA/AA) အတွက် ထာဝရ အကောင်း ဆုံး မဟာမိတ် ဖြစ်ပြီးတော့ အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ကချင်ပြည်သူပြည်သားတွေကို ကျေးဇူးဆပ်ရမယ့်အချိန်ဟာ ဒီနေ့အကောင်းဆုံးအချိန် တွေပဲဖြစ်တယ်လို့လည်းဆိုထားပါတယ်။
လက်ရှိ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ၂၀၀၆ ခုနှစ်မှာ KIA ရဲ့ ဗိုလ်ချုပ်ဂွမ်မော်နဲ့ လိုင်ဇာမှာ တွေ့ဆုံပြီးနောက် ၂၀၀၉ ခုနှစ်မှာတော့ ရခိုင်လူငယ်တွေကို KIA က စစ်သင်တန်းများ ပေးတာတွေကို လုပ် ဆော င်ခဲ့ပြီးတော့ ၂၀၀၉ ခုနစ် ဧပြီ ၁၀ ရက်နေ့မှာတော့ ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာမှာ ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
စတင်ဖွဲ့စည်းချိန်မှာတော့ ရက္ခိုင့်တပ်မတော် လို့အမည်ပေးခဲ့တာ ဖြစ်ပြီးတော့ ၁၀ နှစ်ပြည့် အခမ်းအနားဖြစ်တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ ရက္ခိုင့်တပ်တော် လို့ ဆိုကာ နာမည်ထပ်မံ ပြောင်းလဲခဲ့ပြီး ၁၅ နှစ်ပြည့်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ ရက္ခိုင့်တပ်တော် အစား အာရက္ခတပ်တော် ဆိုပြီးတော့ နာမည် ပြောင်းလဲသတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။




