Home သတင်း စစ်ရေး အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦးကို လူမဆန်စွာညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရမှုကို CNF/CNA အနေ နဲ့ တာဝန်ယူဖြေရှင်းပေးဖို့ ချင်းညီနောင် တောင်းဆို

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တစ်ဦးကို လူမဆန်စွာညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရမှုကို CNF/CNA အနေ နဲ့ တာဝန်ယူဖြေရှင်းပေးဖို့ ချင်းညီနောင် တောင်းဆို

42
0

မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွဲနေတဲ့ ကာလအတွင်းမှာ CNF ဦးဆောင်တဲ့ Chinla nd Council တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီးတော့ လူမဆန်စွာညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးအတွက်ကို CNF/CNA အနေ နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် နဲ့ ဖြေရှင်းပေးဖို့အတွက်ကို ချင်းညီနောင်အဖွဲ့ CB က မေလ ၄ ရက် နေ့မှာ သတင်း ထုတ်ပြန်တောင်းဆိုလာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ၊ဇွန်လအတွင်းမှာ ချင်းညီနောင်အဖွဲ့ နဲ့ မဟာမိတ်အာရက္ခတပ်တော် ပူးပေါင်းစစ်ကြောင်းတွေဟာ မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ကြပြီးတော့ အဲဒီလို စစ်ကောင်စီတပ်တွေ နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကို အခွင့် ကောင်း ယူကာ ချင်းညီနောင်အဖွဲ့ နဲ့ မဟာမိတ်အာရက္ခတပ်တော်တို့ကို CNF ဦးဆောင်တဲ့ Chinland Council တပ်ဖွဲ့ဝင်က နောက်ကျောကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့ပြီးတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့ ဝင်တွေကိုလည်း အပြန်အလှန်ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာတော့ ချင်းပြည်သူတွေလိုလားနေကြတဲ့ ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေ ကြားမှာ ဝိဝါဒကွဲပြားနေမှုကိုဖြေလျော့လိုတာ တော်လှန်ရေးအဖွဲ့တွေကြား စည်းလုံးညီညွတ်မှုကို စတင်တည်ဆောက်ပြသလိုတာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေက ဖမ်းဆီးထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်လဲလှယ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို လဲလှယ်ပြီးတော့ ပြန်လည်လွတ်မြောက်လာတဲ့ သူတွေ ရဲ့ ပြောဆိုချက်အရ CNF/CNA ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးထဲက တစ်ဦးမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်းမှာ ရန်သူသဖွယ် နည်းမျိုးစုံ နဲ့ CNF/CNA က ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် အသက်သေဆုံးသွားခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီလို လုပ်ရပ်ကိုလည်း ချင်းညီနောင်အဖွဲ့ CB အနေ နဲ့လည်း ကန့်ကွက် ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ချင်းညီနောင် အနေ နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အတောအတွင်းမှာ ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကြားက ဝိဝါဒကွဲပြားတာတွေကို လက်ခံသဘောပေါက်ထားပြီးတော့ လက်ရှိမှာတော့ ပထမဦးစားပေးဖြစ်တဲ့ ဘုံရန်သူကို တိုက်ထုတ်ကြရမှာ ဖြစ်ပြီးတော့ အဖွဲ့အစည်းအချင်းချင်းကြားမှာ ဖြစ်လာတဲ့ အခက်အခဲပြသနာကို အခွဲ့အစည်းအချင်းချင်းကြားတွေ့ဆုံ ဆွေးနွေး အဖြေရှာရမှာကိုလည်း အပြည့်အဝ ယုံကြည်လက်ခံထားတယ်လို့လည်း ဆိုထားပါတယ်။

အဲဒါကြောင့် စစ်အာဏာရှင်ကို အဓိကတော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းကြားက တစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းချိန်အတွင်းမှာ အသက်သေဆုံးသွားတဲ့ အထိညှဉ်းပန်းနှိပ်စက်ခဲ့တာကို CNF/CNA အနေ နဲ့ တာဝန်ခံမှု၊တာဝန်ယူမှု အပြည့်နဲ့ ဖြေရှင်းပေးဖို့လိုတယ်လို့ ချင်းညီနောင်အဖွဲ့ CB က တောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here