ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေ နဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ်ပြတ်ဖယ်ရှားပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ် ထွန်းလာတဲ့အထိ MOD/PDF နဲ့ လက်တွဲတိုက်ခိုက်သွားမယ်လို့ ဒီနေ့ မေလ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။
ဒီပြောဆိုမှုကို ဒီနေ့ မေလ ၅ ရက်နေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာ ထဲမှာ ထည့်သွင်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အနေ နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ကို အခက်အခဲစိန်ခေါ်မှုတွေကြားက တည်ထောင်လာခဲ့တာဟာ ဒီနေ့ဟာ (၄)နှစ်ပြည့်မြောက်ခဲ့ရပြီး ဖြစ်သလို COC နှစ်ရပ်ခိုင်မာအားကောင်းပြီးတော့ ကျစ်လျစ်ခိုင်မာတဲ့ တပ်ဖွဲ့တွေ အဖြစ်သို့ ရောက်ရှိလာတာကိုလည်း BPLA အနေ နဲ့ များစွာဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဆိုထားပါတယ်။
BPLA အနေ နဲ့လည်း တော်လှန်ရေးကြီးပြီးဆုံးအောင်မြင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့ အထိ MOD/PDF တွေ နဲ့ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ထုတ်သွားမယ်လို့ ကတိပြုပြောကြားထားတယ်လို့ ပြောဆိုထားပါတယ်။