Home သတင်း စစ်ရေး ယာယီအပစ်ရပ်ကာလမှ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပိတ်မိပြီးတော့ ရာချီ သေဆုံးခဲ့ရ

ယာယီအပစ်ရပ်ကာလမှ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပိတ်မိပြီးတော့ ရာချီ သေဆုံးခဲ့ရ

36
0
AA Info Desk

CNA ၊ မြတ်သူ။

အာရက္ခတပ်တော်က ငလျင်ဘေးသင့်ပြည်သူတွေကို စာနာထောက်ထားတဲ့ အနေ နဲ့ တစ်ဖက်သတ်အပစ်ရပ်ကာလအတွင်းမှာ စစ်ကောင်စီက သူတို့လက်လွတ်လိုက်ရပြီးဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ပန်းတောင်မြို့နယ် အတွင်းက ညောင်ကျိုးတပ်စခန်းကို ပြန်လည်ရယူလိုတဲ့အတွက် ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ရာချီတဲ့ တပ်ဖွဲ့ဝင်တွေ အသေအပျောက်များစွာ နဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ပြန်လည်တပ်ဆုတ်သွားခဲ့ကြရတယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်အပါအဝင် ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ TNLA ၊ MNDAA တပ်တွေဟာ ငလျင်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ အနေ နဲ့ ဧပြီလ ၁ ရက်နေ့ကပင် ၃၀ ရက်နေ့အထိ ပထမအကြိမ် အပစ်ရပ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတော့ ဒီမေလအတွင်းမှာလည်း ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ မပြီးနိုင်သေးတဲ့ အတွက် မေလ ၁ လတာကို ထပ်မံအပစ်ရပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလို အပစ်ရပ်ထုတ်ပြန်ထားချိန်မှာ စစ်ကောင်စီဟာ သူတို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ညောင်ကျိုးတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်တာကို ဧပြီလ ၂၅ ရက်နေ့ကပင်ဆက်တိုက်လုပ်ဆောင်တာ ရှိခဲ့ပြီးတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အဲဒီထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ အကျအရှုံးများပြီးတော့ ညောင်ကျိုးစခန်းနဲ့ ၄ မိုင်ခန့်ကွာမှာရှိတဲ့ ရှုခင်းသာစခန်းကို ပြန်လည်တပ်ဆုတ်ထွက်ခွါသွားခဲ့ကြရတယ်လို့ အဲဒီစစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကောင်စီက ထိုးစစ်ဆင်လာတော့ နည်းနည်းဆုတ်လာပြီး ဟိုဘက်ပိတ် ဒီဘက်ပိတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီက တော်တော် အထိနာသွားတယ်။ကျနော်သိရသလောက်ကတော့ ရာနဲ့ချီပြီးတော့ သေဆုံးတာ ရှိခဲ့တယ်လို့ သိရတယ်။ စစ်ကောင်စီတပ်တွေက ပိတ်မိပြီးတော့ ဟိုပိတ်ဒီပိတ်တိုက်ခိုက်ခံလိုက်ရတာ။အခုလည်း သူတို့တွေ ထိုးစစ်ဆင်ဖို့ အတွက် စစ်အင်အားတွေ ဖြည့်နေတာတွေ ရှိတယ်လို့ သိထားရတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ အဲဒီညောင်ကျိုးတပ်စခန်းကို ပြန်လည်ရယူနိုင်ဖို့ အတွက် မြေပြင်စစ်ကြောင်းတစ်ခုတည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ ဂျက်ဖိုက်တာတွေ စက်တပ်လေထီတွေ နဲ့ ပါ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက်မှာတော့ ရခိုင် နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ပဲခူးတိုင်းအတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဇန်နဝါရီလကပင် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ တောင်ပုံကြီးစခန်း၊ မိုးထိစခန်း၊ ပန်းကန်ကွဲစခန်း နဲ့ ညောင်းကျိုးစခန်းတွေကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးတာလည်း ဖြစ်ပါတယ်ရှင်။

LEAVE A REPLY

Please enter your comment!
Please enter your name here