Home လေကြောင်းတိုက်ခိုက်မှု တစ်လကျော် အတွင်း စစ်ကောင်စီက ရခိုင်အပါအဝင် နေရာအနှံ့ကို ​လေ ကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၇၀ ကျော် သေဆုံးခဲ့ရ

တစ်လကျော် အတွင်း စစ်ကောင်စီက ရခိုင်အပါအဝင် နေရာအနှံ့ကို ​လေ ကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၇၀ ကျော် သေဆုံးခဲ့ရ

31
0
(ပုံ - မေလ ၃ ရက်နေ့က စစ်ကာင်စီလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ပျက်စီးသွားခဲ့ရတဲ့မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်မြင်ကွင်း)

စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ကပင် မေလ ၄ ရက်နေ့ထိ ရက်ပေါင်း ၃၇ ရက်အတွင်းမှာ ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ကနေရာတွေကို လေကြောင်း တိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက်ပြည်သူ ၂၇၀ ကျော် သေဆုံးခဲ့ရတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီနေ့ မေလ ၅ ရက်နေ့မှာ သတင်း ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကို ခံခဲ့ရတဲ့ နေရာတွေကတော့ ရခိုင်အပါအဝင် ဧရာတီ၊ ပဲခူး၊ ချင်း၊ ကချင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ ကရင် နဲ့ မွန် စတဲ့နေရာတွေ အပြင် ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ စစ်ကိုင်း၊မကွေး၊မန္တလေးတိုင်းတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးဒဏ်သင့်နေရာတွေကို ကူညီကယ်ဆယ်ရေး လုပ်ဖို့အတွက် အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ ကာလအတွင်းမှာ လေ ကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၂ ကြိမ်ကို အခုလိုဆက်တိုက်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၈၂ ကြိမ်ကြောင့် သေဆုံးသူဦးရေ ၂၇၆ ဦးရှိပြီးတော့ ဒဏ်ရာရသူကတော့ ၄၅၆ ဦး ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

ဒီသေဆုံးသူတွေထဲမှာတော့အသက် ၁၈ နှစ်အောက်ကလေးငယ် ၃၁ ဦးပါဝင်ပြီးတော့ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ကလေးငယ် ၄၅ ဦးပါဝင်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကို အများဆုံးခံခဲ့ရတဲ့ နေရာက တော့ စစ်ကိုင်းတိုင်းဖြစ်ပြီးတော့တိုက်ခိုက်မှု အကြိမ်ရေ၇၃ ကြိမ်ရှိပြီးတော့ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၅ ဦး ရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်ထပ်ဒုတိယအများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ နေရာကတော့မန္တလေးတိုင်းဖြစ်ပြီးတော့ တိုက်ခိုက်ခံခဲ့ရမှု အကြိမ်ရေ ၆၁ ကြိမ်နဲ့ သေဆုံးသူ ၆၅ ဦး၊ ဒဏ်ရာရသူ ၁၁၈ ဦး ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တတိယအများဆုံးတိုက်ခိုက်ခံရမှုကတော့ မကွေးတိုင်းဖြစ်ပြီးတော့လေ ကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၉ ကြိမ် နဲ့ သေဆုံးသူ ၁၂ ဦးရှိပြီးတော့ ဒဏ်ရာရသူ ၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here