Home လူမှုစီးပွါးရေး ရခိုင့်ဝါရင့် နိုင်ငံရေးသမား၊ ကဗျာဆရာ​ကြီးဦးဦးလှစော(ခ) မောင်ခိုင်အောင်ကွယ်လွန်

ရခိုင့်ဝါရင့် နိုင်ငံရေးသမား၊ ကဗျာဆရာ​ကြီးဦးဦးလှစော(ခ) မောင်ခိုင်အောင်ကွယ်လွန်

37
0

CNA၊မြတ်သူ။

ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ကဗျာဆရာလည်းဖြစ်၊မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စလှယ်ဟောင်းလည်းဖြစ်၊ရခိုင်အမျိုးသားပါတီ ရဲ့ မှုဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်း ဖြစ်ခဲ့ဖူးတဲ့ ဆရာကြီး ဦးဦးလှစော (ခ)မောင်ခိုင်အောင်ဟာ ဆေးကုသခံယူရင်းကနေ ကွယ်လွန်သွားခဲ့ရပြီးဖြစ်တယ်လို့သူရဲ့ မိသားစုနဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ဆရာကြီး ဦးဦးလှစော(ခ)မောင်ခိုင်အောင်ဟာ မေလ ၅ ရက်နေ့ ည ၁၁ နာရီကျော်အတွင်းမှာ လူကြီးရောဂါ နဲ့ ဆေးကုသခံယူနေရာကနေ ကွယ်လွန်သွားခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ မိသားစု နဲ့ နီးစပ်သူ တစ်ဦးက အတည်ပြုပြောပါတယ်။

“ဟုတ်ပါတယ် ဆရာကြီး ကွယ်လွန်သွားပြီးဖြစ်ပါတယ်။မနေ့က ညနေ ၁၁ နာရီ မိနစ် ၂၂ မိနစ်လောက်မှာကွယ်လွန်သွားတာပါ။လူကြီးရောဂါနဲ့ ကွယ် လွန်သွားတာ ဆေးကုသမှုခံယူနေတာတော့ ကြာနေပါပြီ”လို့ သူကပြောပါတယ်။

ဆရာကြီး ဦးဦးလှစော(ခ)မောင်ခိုင်အောင်ဟာ မြောက်ဦးဇာတိဖြစ်ပြီးတော့ အခုလို ဆရာကြီး အနေ နဲ့ ကွယ်လွန်သွားရတဲ့ အပေါ်မှာ အထူးစိတ်မကောင်း ဖြစ်ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အခုလိုရခိုင်ပြည်ပြန်လည်ထူထောင်ရေးကာလမှာ သူမရှိတော့တာကြောင့် ပြည်သူတွေ အနေလည်း ထိခိုက်နစ်နာမှုတွေ ရှိရသလို မိငါးစုနဲ့ ထပ်တူ အထူးစိတ်မကောင်းဖြစ်ရတယ်လို့လည်း ရခိုင်ပြည်သူတွေကပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here