Home သတင်း မြန်မာနိုင်ငံတဝန်း ဧပြီလ တစ်လအတွင်းမှာ အမျိုးသမီး ၇၀ ကျော်သေဆုံးခဲ့ရ

မြန်မာနိုင်ငံတဝန်း ဧပြီလ တစ်လအတွင်းမှာ အမျိုးသမီး ၇၀ ကျော်သေဆုံးခဲ့ရ

35
0

မြန်မာနိုင်ငံတဝန်း ဧပြီလ ၁ လအတွင်းမှာ အမျိူးသမီး ၇၁ ဦးသေဆုံးခဲ့ရတယ်လို့ Burmese Women’s Union(BWU) က ဒီနေ့ မေလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့တာပါ။

ဒီသေဆုံးခဲ့ရတဲ့ အမျိုးသမီးအများစုဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးကတော့ ၅၉ ဦး လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးကတော့ ၇ ဦး စစ်ကောင်စီတပ်တွေ ရဲ့ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတဲ့ အမျိုးသမီးကတော့ ၅ ဦးဖြစ်ပြီးတော့ လက်ရှိအသက် ဆုံးရှုံးခဲ့ကြရတဲ့ အမျိုးသမီး ၇၁ ဦးထဲက ၁၃ ဦးကတော့ အသက် ၁၈ နှစ်အောက်ကလေးငယ်တွေ ဖြစ်ကြတယ်လို့လည်း ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးသေဆုံးမှု အများဆုံးကတော့ စစ်ကိုင်းတိုင်းထဲမှာ သေဆုံးသူ ၃၀ နဲ့ ပထမ အများဆုံးသေဆုံးခဲ့ရတာဖြစ်ပြီးတော့ မန္တလေး တိုင်းမှာတော့ သေဆုံးသူ ၁၄ ဦး နဲ့ ဒုတိယအများဆုံး သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း BWU က ဖော်ပြထားပါတယ်။

အဲတာတွေ အပြင် စစ်ကောင်စီတပ်တွေ ရဲ့ လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ မြေမြုပ်မိုင်းပေါက်ကွဲတာတွေကြောင့်လည်း အမျိုးသမီး ၅၀ ဟာလည်း ဒဏ်ရာ ရရှိတာရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒီဒဏ်ရာ ရရှိသူ ၅၀ ဦးထဲမှာတော့ စစ်ကောင်စီတပ်တွေ ရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး ၄၀ ဦး ဒဏ်ရာ ရရှိခဲ့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ၅ ဦးဒဏ်ရာ ရရှိခဲ့ရတာ မြေမြုပ်မိုင်းပေါက်ကွဲတာကြောင့် ၄ ဦးဒဏ်ရာ ရရှိခဲ့တာတွေ အပြင် အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မုဒိမ်းပြုကျင့်မှုကြောင့် ၁ ဦး ဒဏ်ရာ ရရှိခဲ့တာရှိတယ်လို့လည်း ဆိုထားပါတယ်။

Burmese Women’s Union(BWU) အနေ နဲ့ ဒီအချက်အလက်တွေကို တိကျမှန်ကန်တဲ့ သတင်းမီဒီယာတွေကနေတဆင့် မှတ်တမ်းတင်ကောက်ယူမှု နဲ့ BWU ကလက်လှမ်း မှီသလောက် မြေပြင်သတင်းကောက်ယူမှု အချက်အလက်တွေကို စုစည်းတင်ပြထားတာဖြစ်ပြီးတော့ ဒေတာကောက်ယူတဲ့ အပိုင်းမှာ အခက်အခဲ တချို့ ရှိတာကြောင့် မြေပြင် အခြေအနေ မှာ ယခုထက်ပိုမို များပြားနိုင်သေးတယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးသင့်ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ အတူ ယာယီအပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ရှိခဲ့ပေမယ့်လည်း လူသားမျိူးနွယ်တွေအပေါ်မှာ အမျိုးမျိုးသော ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျုးလွန်မြဲလုပ်ဆောင်နေတာ ဖြစ်ပြီးတော့ ဒီသဘာဝဘေး အန္တရာယ် ကြုံနေရတဲ့ အချိန်မှာ အရင်လတွေကထက် ပြည်သူများကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here