စစ်ခေါင်းဆောင် မင်းအောင်လှိင်ဇနီးဖြစ်တဲ့ ကြူကြူလှ နဲ့ အပေါင်းအပါတွေဟာ ရုရှားနိုင်ငံ၊ မော်စကိုမြိုမှာ ကျင်းပပြုလုပ်မယ့် ရင်ပြင်နီချီတက်ပွဲကို တက်ရောက်ဖို အတွက် ဒီမနက်မှာ စတင်ထွက်ခွာသွားကြပြီး ဖြစ်တယ်လို ဆိုပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိင် နဲ့ အပေါင်းအပါတွေကတော့ ရင်ပြင်နီချီတက်ပွဲလို ခေါ်တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာ ဖြစ်ပြီးတော့ စစ်ခေါင်းဆောင် မင်းအောင်လှိင်ရဲ့ ဇနီးဖြစ်တဲ့ ကြူကြူလှကတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖယ်ဒရယ်ကောင်စီလွှတ်တော် ဉက္ကဋ္ဌ မစ္စဗယ်လင်တီနာ မက်ဗီရန်ကိုရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာဖြစ်တယ်လိုလည်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိင် ဇနီးကြူကြူလှ နဲ့ အပေါင်းအပါတွေဟာ ဒီပွဲ နဲ့ ဆက်စပ်တဲ့ အခမ်းအနားတွေကို တက်ရောက်သွားဖိုရှိသလိုရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖယ်ဒရယ်ကောင်စီလွှတ်တော် ဉက္ကဋ္ဌ မစ္စဗယ်လင်တီနာ မက်ဗီရန်နဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖိုရှိတယ်လိုလည်း ဆိုထားပါတယ်။
ဒါ့အပြင် အခမ်းအနားကို တက်ရောက်လာကြသူတွေနဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ နှစ်နိုင်ငံအစိုးရ နဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိင်အပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနဲ့ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ဇနီးအပြင် အခြား အရာရှိကြီးတွေလည်း လိုက်ပါသွားတယ်လို သိရပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.