အာရက္ခတပ်တော် ULA/ AA နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြားဆက်ဆံနေမှုအပေါ်ကို စစ်ကောင်စီက ကန့်ကွက်မှုလုပ်ဆောင်ခဲ့တာကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က ပယ်ချလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အနေ နဲ့ မိမိတို နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ လိုအပ်တယ်လို့ ယူဆရင် ဘယ်အဖွဲနဲ့မဆို ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်ကသတင်းထောက်တွေကို ပြောဆိုသွားခဲ့တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
“ ဘင်္ဂလားဒေ့ရှ်ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံတစ်ခုဖြစ်တယ်။မိမိတိုနိုင်ငံ အကျိုးစီးပွားအတွက် မိမိတို အလိုရှိသူနဲ့ ထိတွေ့ဆက်ဆံမယ် ”လို့ သူက သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်တယ်လိုလည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ အာရက္ခတပ်တော် (ULA/AA)နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတိုရဲ့ နှစ်ဖက်ထိတွေ့ဆက်ဆံနေမှုကို ကန့်ကွက်စာပေးပိုခဲ့တာ ရှိပြီးတော့ အဲဒီလို ကန့်ကွက်စာပေးပို့ပြီး နောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အခုလို တုန့်ပြန်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရအနေနဲ့ လက်ရှိမှာလွတ်လပ်တဲ့ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်နေပြီးတော့ လက်ရှိ နယ်စပ်ဖြတ်ကျော်ထိန်း ချုပ်မှုဟာ AA လက်ထဲမှာရှိနေတာဖြစ်တဲ့အတွက်နယ်စပ်ပြသနာကို နယ်မြေထိန်းချုပ်ထားသူတွေ နဲ့ သာအဆက်အသွယ်လုပ်ရမှာ ဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်ကသတင်းထောက်တွေကို ပြောဆိုထားပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အနေ နဲ့ အာရက္ခတပ်တော် ULA/AA နဲ့ ထိတွေ့ဆက်ဆံနေမှုကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေ နဲ့ စစ်ကောင်စီ နဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲသွားမှာ မဟုတ်သလို ကုန်သွယ်ရေး အပါ အဝင် ဘင်္ဂလားဒ့်ရှ်နိုင်ငံမှာ လာရောက်ခိုလှုနေကြတဲ့ မွတ်ဆလင်(ရိုဟင်ဂျာ) ကိစ္စတွေအတွက်ကိုလည်း ဆွေးနွေးနိုင်ဖို ဆက်လက်ပတ်သက်နေဦးမှာ ဖြစ်တယ်လိုလည်းဆိုထားပါတယ်။
ဒါ့အပြင် ပြသနာတစ်ခုကို ဖြေရှင်းဖိုလိုအပ်နေရင် ဘက်ပေါင်းစုံ နဲ့ အဆ က်အသွယ်ရှိဖိုလိုအပ်မှာ ဖြစ်ပြီးတော့ ဒီလိုသာ ပတ်သက်ဆက်နွယ်မှု မရှိရင် ဘာပြသနာကိုမှလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလိုလည်း သူကပြောဆိုထားပါတယ်။