Home သတင်း အာရက္ခတပ်တော် တပ်မှူးချုပ် ဇနီး ဦးစီးတည်ထောင်ထားတဲ့ ဂေါတမီရင်ခွင် ဂေဟာကို ဒုတိမြောက်ကလေးငယ်တစ်ဦးထပ်မံရောက်ရှိလာ

အာရက္ခတပ်တော် တပ်မှူးချုပ် ဇနီး ဦးစီးတည်ထောင်ထားတဲ့ ဂေါတမီရင်ခွင် ဂေဟာကို ဒုတိမြောက်ကလေးငယ်တစ်ဦးထပ်မံရောက်ရှိလာ

39
0
ပုံ - ဂေါတမီရင်ခွင် ဂေဟာကို ဒုတိယမြောက်ရောက်ရှိလာတဲ့ သားငယ်လေး။ဂေါတမီရင်ခွင်။

အာရက္ခတပ်တော် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဇနီး ဒေါ်နှင်းဇာဖြူ ဦးစီးတည်ထောင်ထားတဲ့ ဂေါတမီရင်ခွင် ဂေဟာမှာ ဒုတိယမြောက်သားလေးတစ်ဦးထပ်မံ ရောက်ရှိလာတယ်လို့သိရပါတယ်။

လက်ရှိရောက်လာတဲ့ ဒုတိယသားငယ်လေးဟာ အရေပြားရောဂါအပါအဝင် ရင်ကြပ်၊အသက်ရှုရခက်ခဲတဲ့ ရောဂါဝေဒနါတွေ နဲ့ ခံစားရပြီးတော့ ရောက်ရှိလာတာ ဖြစ်တယ်လို့ဆိုထားပါတယ်။

အဲဒီလို ရောဂါဝေဒနါခံစားနေရတဲ့ ကလေးငယ်ကို ဂေါတမီရင်ခွင် အနေ နဲ့ ဆရာဝန်ကြီးတွေရဲ့ ညွန်ကြားချက်အရ ကလေးငယ်ကို သေသေချာချာဂရုစိုက် စောင့်ရှောက်မှုတွေကိုပေးထားတယ်လို့လည်းဆိုပါတယ်။

ဒီဂေါတမီရင်ခွင် တည်ထောင်ထားတာဟာ လေးလကျော်ထိကြာမြင့်နေပြီးတာလည်းဖြစ်ပြီးတော့ အခြေအနေ တစ်ခုခုမှာ အကြောင်းအမျိုးမျိုးကြောင့် မိဘရင်ခွင် ပျောက်ဆုံးသွားရတဲ့ ကလေးငယ်တွေကို မိထွေးတော် ဂေါတမီလို မြင့်မြတ်တဲ့ မေတ္တာ၊စိတ်ဝိဉာဏ်နဲ့ ခံစားသက်ဝင်ပြီးတော့ ကလေးတွေအပေါ်မှာ လေးနက်တဲ့ အဓိပ္ပယ်၊မေတ္တာတရား နဲ့ အနာဂတ်တွေ မပျောက်ဆုံးသွားရ အောင်ပြုစုစောင့်ရှောက်ပေးနိုင်ဖို့အတွက် သူ့အနေ နဲ့ ထူထောင်ထားတာဖြစ်တယ်လို့လည်း ဒေါ်နှင်းဇာဖြူ က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဂေါတမီရင်ခွင်ကို ရောက်လာတဲ့ ကလေးငယ်တွေ အနေ နဲ့ သူ့ဘဝ ရဲ့ နောက်ခံအကြောင်းအရာ ဘယ်လိုပဲ ရှိနေပါစေ ဂေါတမီရင်ခွင်မှာ လာရောက်ခိုလှုံလာတဲ့ အခါမှာ မေတ္တာ၊လုံခြုံမှုအပြည့်နဲ့ တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

ဂေါတမီရင်ခွင် ဂေဟာကို ရောက်လာတဲ့ ကလေးငယ်တိုင်းကိုလည်း လူမျိုးဘာသာခွဲခြားတာမရှိဘဲ မေတ္တာတရား နဲ့ စောင့်ရှောက်ပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here