ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင် ၊ ထီးခီး ဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်း နဲ့ ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်အတွင်ရှိ လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းတွေကို K.N.L.Aပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့ KNU က ဒီနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ထိုင်း – မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထီးခီးဒေသအတွင်းမှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ ထီးထာဗျူဟာစခန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့ နဲ့ ထီးခီးဗျူဟာ စခန်းကို မေလ ၉ ရက်နေ့တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်များတွေက အလုံးစုံ သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက ထီးခီးဒေသ မြိတ် − ထားဝယ်ခရိုင်အတွင်းမှာ ခရိုင်ဌာနချုပ် နဲ့ တပ်မဟာ ဌာနချုပ် တည်ဆောက်ဖို့အတွက်ကို ၁၉၇၄ ခုနှစ်မှာ စတင်စီစဉ်ခဲ့ပြီးတော့ ၁၉၇၅ ခုနှစ်မှာတည်ဆောက်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ ထီးခီးဒေသအတွင်းက ခရိုင် ဌာနချုပ် နဲ့ တပ်မဟာ ဌာနချုပ် ရုံးဖြစ်လာခဲ့သလို ထီးထာမှာတော့ ခရိုင် ဌာနချုပ် နဲ့ တပ်မဟာ ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးအဖွဲ့ဝင်တွေ နဲ့ မိသားစုဝင်တွေ နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် ၁၉၉၇ ခုနှစ်အရောက်မှာတော့ မြန်မာ့တပ်မတော် (စစ်ကောင်စီ) တပ်မ (၅၅) နဲ့ တပ်မ (၆၆) ဦးဆောင်တဲ့ တပ်ရင်း (၂၀) ခန့်က မေဂျာအော်ပရေးရှင်း အနေ နဲ့ ထီးခီးဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အတွက် ၁၉၉၇ ခုနှစ်မှာတော့ ထီးခီးဒေသကို KNU က လက်လွှတ်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာတော့ ဒီဒေသကို KNU အနေ နဲ့ ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဖြစ်တဲ့ အတွက် ဒေသတွင်း ပြည်သူလူထုတွေ ရဲ့ အသက်အိုးအိမ်ကာကွယ်ရေးအတွက်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။
အဲဒီလိုပဲ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်တွင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၄၊ အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကိုလည်း ဖားအံခရိုင်၊တပ်မဟာ(၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့ မနက် ၉း၀၀ မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.info/register?ref=IHJUI7TF
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.