ရန်ပုံငွေဖြတ်တောက်ခံရတာကြောင့်လွတ်လပ်သောအာရှအသံ (RFA)သ တင်းဌာနရဲ့ မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကို ရပ်နားရတော့မှာ ဖြစ်တယ်လို့ RFA သတင်းဌာနက ဒီနေ့ မေလ ၉ ရက်နေ့မှာ ပြည်သူတွေကို တရားဝင် အသိပေး ထုတ်ပြန်လာခဲ့ပါတယ်။
၂၀၂၅ နှစ်မတ်လ ၁၅ ရက်နေ့ကစပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဝါ RFA အတွက် နှစ်စဉ်အတည်ပြု ထုတ် ပေးနေကျဖြစ်တဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့ကို ဆုံဖြတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် RFA က ထုတ်လွှင့်နေတဲ့ မြန်မာပိုင်းအစီအစဉ်ထုတ်လွှင့်မှုကို ရပ်နားထားရတော့မှာ ဖြစ်ပြီးတော့ RFA မြန်မာပိုင်းအစီအစဉ်အနေ နဲ့ တနေ့နေ့မှာ ပရိတ်သတ်တွေဆီကို ပြန်လည်ရောက်ရှ်လာနိုင်မယ်ဆိုတာကိုလည်း မျှော်လင့်ထားတယ်လို့ ဌာနမှူးက အသိပေး ပြောဆိုထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရ တက်လာပြီးတဲ့မောက်ပိုင်းမှာ သမ္မတ ထရမ့်ဟာ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ (USGA M) ကိုလည်းမတ်လ ၁၅ ရက်နေ့မှာ ရပ်နားထားခဲ့ပြီးတော့ အဲဒီ (USGA M)နဲ့အတူ RFA သတင်းဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေ နဲ့ စာချုပ်ဝန်ထမ်းတွေကိုလည်း အနားပေးလိုက်ကြောင်းကို အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ RFA ဟာ အစီအစဉ်တွေကို အကန့်အသတ် နဲ့ ထုတ်လွှင့်ပေးခဲ့တာ ရှိခဲ့ပြီးတော့ လက်ရှိမှာတော့ မြန်မာပိုင်းအစီအစဥ်တစ်ခုလုံးကို ရပ်နားလိုက်ပြီဖြစ်ကြောင်းထပ်မံ့ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
RFA သတင်းဌာနဟာ မြန်မာပြည်သူတွေ နေ့နေ့ ညည ခံစားနေကြရတဲ့ စစ်အာဏာရှင်အဆက်ဆက် သတင်းအမှောင်ချတာ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ အပြင် မြန်မာနိုင်ငံအတွင်းက လူမှုရေး၊ စီးပွားရေးသတင်းတွေကို ပြည်သူနဲ့ နိုင်ငံတကာ သိရှိနိုင်ဖို့အတွက် မျက်ခြေမပြတ် သတင်းတွေကို တင်ဆက်ပေးနေခဲ့တဲ့ သတင်းဌာန တစ်ခုလည်း ဖြစ်ပါတယ်။





Thanks for sharing. I read many of your blog posts, cool, your blog is very good.