Home သတင်း စစ်ရေး ရခိုင် စစ်မျက်နှာမှာ အာရက္ခ တပ်တော် နဲ့ အတူ စစ်ကိုင်းတိုင်း ပကဖ က စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့

ရခိုင် စစ်မျက်နှာမှာ အာရက္ခ တပ်တော် နဲ့ အတူ စစ်ကိုင်းတိုင်း ပကဖ က စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့

32
0
ပုံ - ပကဖ အသံ

ရခိုင်က မြို့သိမ်းတိုက်ပွဲ တွေမှာ အာရက္ခတပ်တော် နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ပကဖ တိုက် ခိုက်ရေးရဲဘော်တွေဟာ ဝင်ရောက်ပူးပေါင်းတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒီနေ့ မေလ ၈ ရက်နေ့မှာ ပကခ အသံက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီရခိုင် စစ်မျက်နှာတိုက်ပွဲတွေမှာ အာရက္ခတပ်တော် နဲ့ အတူ တိုက်ပွဲဝင်ခဲ့စဉ်က ပကဖ အဖွဲ့ဝင် (၄၇) ဦး ထိခိုက်ဒဏ်ရာရရှိတာရှိခဲ့ရပြီးတော့ နောက်ရဲဘော် (၁၄) ဦးကတော့ တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ရခိုင်စစ်မျက်မှာတိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ (၂) ရက်နေ့မှာ ဂုဏ်ပြု ကြိုဆိုပွဲ ပြုလုပ်ခဲ့ပြီး တော့ အဲဒီ ဂုဏ်ပြု ကြိုဆိုပွဲကို စစ်ကိုင်းတိုင်းပကဖ အဖွဲ့ က တာဝန်ခံ၊ ဒုတာဝန်ခံတွေ၊ သက်ဆိုင်ရာ ခရိုင်အသီးသီးက တာဝန်ခံ၊ မြို့နယ် တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။

ဒါပေမယ့် စစ်ကိုင်းတိုင်း ပကဖ အနေ နဲ့ ရခိုင်က ဘယ်မြို့နယ်သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် နဲ့အတူ ဝင်ရောက်ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ထားတာကိုတော့ မတွေ့ရပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here