Home နိုင်ငံရေး ထိုင်းနိုင်ငံ မဲဆောက်မှာ ဦးဦးလှစော(ခ)မောင်ခိုင်အောင် ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်မယ်

ထိုင်းနိုင်ငံ မဲဆောက်မှာ ဦးဦးလှစော(ခ)မောင်ခိုင်အောင် ကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်မယ်

36
0

ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ကဗျာဆရာလည်းဖြစ် တဲ့ ဦးဦးလှစော (ခ) မောင်ခိုင်အောင်ကွယ်လွန်ခြင်းကို ထိုင်းနိုင်ငံ​၊မဲဆောက်မှာ ရောက်ရှိနေကြတဲ့ ရခိုင်နိုင်ငံရေးသမား၊စာပေသမား နဲ့ ရခိုင်အသိုင်းအဝိုင်းတွေက ဦးဆောင်ကာ မေလ ၁၁ ရက်နေ့မှာ အောက်မေ့ဖွယ် အခမ်းအနားတရပ် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီအခမ်းအနာကို ထိုင်နိုင်ငံ မဲဆောက်မြို့ Wattana Hotel မှာ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဦးဦးလှစော(ခ)မောင်ခိုင်အောင်ဟာ ရခိုင်ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ကဗျာဆရာလည်းဖြစ် ၊လွတ်တော်ကိုစလှယ်လောင်းတစ်ဦးလည်းဖြစ်ခဲ့ဖူးပြီးတော့ သူမကွယ်လွန်ခင်အချိန်ထိ အာရက္ခတပ်တော်ရဲ့ ဗစ်တာ (၁ ) နိုင်ငံရေးမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးဦးလှစော(ခ)မောင်ခိုင်အောင်ဟာ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ မှာ လည်ချောင်းကင်ဆာရောဂါ နဲ့ ဆေးကုသခံယူနေရာကနေ ကွယ်လွန်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကျန်ရှိနေခဲ့တဲ့ ဦးဦးလှစော(ခ)မောင်ခိုင်အောင် ရဲ့ ရုပ်အလောင်းကို မေ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှာ ရခိုင်ပြည်ထဲက လွတ်မြောက်နယ်မြေ တစ်ခုမှာ ကောင်းမွန်စွာ သင်္ဂြုလ်ပေးခဲ့ပြီးဖြစ်တယ်လို့ လည်း သိရပါတယ်။

ဦးဦးလှစော(ခ)မောင်ခိုင်အောင် အနေ နဲ့ ရက္ခိတလမ်းစဉ်ကို အကောင် အထည်ဖော်နေချိန်မှာ ကွယ်လွန်သွားခဲ့ရတာဟာ ရခိုင်အမျိုးသားအဖွဲ့အချုပ်/အာရက္ခတပ်တော် (ULA/AA) အနေနဲ့လည်း မိသားစု၊ညီအစ် ကိုမောင်နှမ၊ ဆွေမျိုး၊ သမီးတွေ နဲ့ အတူ ထပ်တူထပ်မျှ ဝမ်းနည်းရတယ်လို့လည်း ရခိုင်အမျိုးသားအဖွဲ့အချုပ်/အာရက္ခတပ်တော် (ULA/AA) က ဝမ်းနည်းကြောင်း သဝဏ်လွှာကို မေလ ၉ ရက်နေ့မှာ ပေးပို့ခဲ့ပါတယ်။

အဲဒီလိုပဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အပါအဝင် အဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့ကလည်း ဦးဦးလှစော(ခ)မောင်ခိုင်အောင် ကွယ်လွန်သွားရတဲ့ အပေါ်မှာ ဝဏ်နည်းကြောင်း သဝဏ်လွှာ အသီးသီး ပေးပို့ ခဲ့ကြတာ ဖြစ်ပြီးတော့ အခုလို တော်လှန်ရေးကာလမှာ ဦးဦးလှစော(ခ)မောင်ခိုင်အောင် ကွယ်လွန်သွားရတာဟာ ရခိုင်အမျိုးသားအဖွဲ့အချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ ရခိုင်တစ်မျိုးသားလုံး အတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့လည်း ပြောဆိုထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here