မင်းပြားမြို့နယ် ဖားပြိုကျေးရွာအတွင်းမှာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရက်ရက်စက်စက် မုဒိမ်းကျင့် သတ်ဖြတ်တာကို ခံခဲ့ရပြီးတော့ အဲဒီကလေးငယ်အတွက် ပြစ်မှု ကျူးလွန်ခဲ့သူကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၁၂ ဖွဲ့က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဒီနေ့ မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ မင်းပြားမြို့နယ်၊ ဖားပြိုရွာက အသက်(၉)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်တာကို ခံခဲ့ရပြီးတော့ အဲဒီသတ်ဖြတ်တာကို ခံခဲ့ရတဲ့ ကလေးငယ်ရဲ့ အလောင်းကို မေလ ၃ ရက်နေ့ ညနေမှာ ကျေးရွာ အနီးရှိတောစပ်အနားက သစ်ပင်တစ်ပင်မှာ ထိုးနှက်ဒဏ်ရာ အချက်ပေါင်းများစွာ နဲ့ လည်ပင်းကြိုးကွင်းစွပ်ပြီးတော့သစ်ပင်မှာချိတ်ဆွဲသေဆုံးနေတာကိုမိသားစုဝင်တွေက ရှာဖွေ တွေ့ရှိ ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ မုဒိမ်းမှုကို ကျူးလွန်ခဲ့တဲ့ တစ်ရွာတည်းနေ အသက် ၃၀ ကျော်အရွယ် မောင်လှသန်းဆိုသူကို အာရက္ခတပ်တော်က မေလ ၆ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေက CNA ကို အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီလို ကလေးငယ်တစ်ဦးကို ရက်စက်ကြမ်းကြုတ်ပြီးတော့ မုဒိမ်းကျင့်သတ်ဖြတ်ခံရမှုဖြစ်ပွါးခဲ့တဲ့ အပေါ်မှာ Rakhaing Women’s Initiative Organization (RWIO) အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့ အင်မတန် ဝမ်းနည်ကြေကွဲမိသလို ဒီလိုလူမဆန်တဲ့ ကြောက်စရာကောင်းတဲ့လုပ်ရပ်ကြောင့် ကျူးလွန်ခံရတဲ့ အပြစ်မဲ့ကလေးငယ် မိသားစုဝင်တွေအပေါ်မှာ သာမက၊ လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်တဲ့ကြီးလေးတဲ့ ရာဇဝတ်မှုတခု ဖြစ်တဲ့အပြင် ရခိုင်ဒေသ တစ်ခုလုံးမှာနေထိုင်နေတဲ့ ပြည်သူလူထုတရပ်လုံးကိုလည်း အင်မတန်မှ တုန်လှုပ်ခြောက်ခြားစေတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီးတော့ ကိုယ်ကျင့်တရားဆိုင်ရာ အတွက်လည်း များစွာဆိုးရွားပြင်းထန်တဲ့မှတ်တမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုရပ်ဟာ အေးချမ်းလုံခြုံတဲ့ ရခိုင်ဒေသရှိလူ့အသိုင်းအဝိုင်းအတွက် မည်သည့်ကလေူငယ်ကိုမှ အခုလို ဆိုးရွားပြင်းထန်ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက်မှုမျိုးတွေကို ရင်ဆိုင်မကြုံတွေ့သင့်သလို မိဘတွေ အနေ နဲ့လည်း အရွယ်မရောက်သေးတဲ့ သားသမီးတွေကိုလည်း ဒီလိုဖြစ်ရပ်ဆိုးတွေ နဲ့ ကြုံတွေ့ခံစားရကာ ရင်ကွဲပက်လက် နဲ့ သဂြိုဟ်မြှပ်နှံရတဲ့ အခြေအနေတွေကို မကြုံတွေ့သင့်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကိစ္စအတွက် တရားမျှတမှု ရရှိရေးအတွက် တိတ်ဆိတ်တာ၊နှောင့်နှေးတာ ဒါမှမဟုတ် လျစ်လျူရှုတာကို မဖြစ်စီသင့်ဘူးလို့လည်း အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့ ရှု့မြင်သုံးသပ်တယ်လို့ ဆိုထားပါတယ်။အဲဒါ ကြောင့် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ တရားစီရင်ရေးက တာဝန်ရှိသူတွေ နဲ့ အစိုးရအဖွဲ့ဝင်တွေကို Rakhaing Women’s Initiative Organization (RWIO) အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့ ဒီအချက်တွေကိုတောင်းဆိုတယ်လို့လည်း ဆိုထားပါတယ်။
(၁) ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု နဲ့ ပတ်သက်ပြီးတော့ စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ အချိန်နန့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်တွေ နဲ့ အရီးယူပေးရန် (၂) ကျူးလွန်ခံရသူ နဲ့ အဲဒီကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေအတွက် လူမှုတရားမျှတမှုရရှိရေးကို အာမခံပြီးတော့ စီရင်ချက် ချမှတ်ပီးရန် နဲ့ (၃) ရခိုင်ဒေသရှိ အမျိုးသမီးတွေ အနေ နဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေကို ကျူးလွန်တာတွေ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်စွာ ကာကွယ်တားဆီးပေးတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပေးဖို့ အတွက်ကိုလည်း လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။
ဒါ့ပြင် တရားမျှတမှု နှောင့်နှေးခြင်းဟာ တရားမျှတမှုကို ငြင်းပယ်ခြင်းဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပြီးတော့ အဖွဲ့အစည်း ၁၂ ဖွဲ့ အနေ နဲ့လည်း အကြမ်းဖက်ခံရတဲ့ မိသားစုနဲ့အတူ၊ အကြမ်းဖက်မှုအမျိုးမျိုးက လွတ်မြောက်လာသူများနဲ့အမျိုးသမီး၊ ကလေးသူငယ်တိုင်းကို လုံခြုံအေးချမ်းခြင်းနဲ့အတူ ရပ်တည်တယ်လို့လည်းဆိုထားပါတယ်။ဒါကြောင့် အခုဖြစ်သွားတဲ့ အဖြစ်ဆိုးကို လျစ်လျူမရှုဘဲ စစ်မှန်တဲ့ တာဝန်ခံမှု၊ တရားစီရင်မှုနဲ့ တရားမျှတမှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရက ယူဆောင်ပီးနိုင်မယ်လို့ မျှော်လင့်ယုံကြည်ထားတယ်လို့လည်း ဆိုထားပါတယ်။