Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ရခိုင်က ကျောက်ဖြူ နဲ့ ရသေ့တောင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးမှုရှိနေ

ရခိုင်က ကျောက်ဖြူ နဲ့ ရသေ့တောင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးမှုရှိနေ

33
0
ပုံ - APM

CNA ၊မြတ်သူ။

စစ်ကောင်စီဟာ ရခိုင်က ကျောက်ဖြူမြို့ နဲ့ ရသေ့တောင်မြို့တွေကို လေကြောင်းကနေတဆင့် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာလုပ်ဆောင်ခဲ့တဲ့ အတွက် ဒေသခံ တစ်ဦး သေဆုံးပြီးတော့ နောက်ထပ် ၄ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်း ထိခိုက်ဒဏ်ရာ ရတာ ရှိခဲ့တယ်လို့ ကနဦးသိရှိထားရတယ်လို့ ရသေ့တေင်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရတော့ အချက်အလက် ရယူရတာက ခက်ခဲနေတယ်။အခု သိထားတဲ့ စာရင်းအရတော့ တစ်ယောက်သေတယ် ၄ ယောက်ဒဏ်ရာရတယ်ဆိုတဲ့ စာရင်းကို သိထားရတယ် နေအိမ်တွေလည်း တော်တော် ပျက်စီးသွားတာ ရှိတယ်လို့ သိထားရတယ်”လို့သူကပြောပါတယ်။

အဲဒီလိုပဲ ဒီနေ့ မေလ ၁၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်မှာလည်း ကျောက်ဖြူမြို့နယ် အတွင်းက လိပ်ခမော်ရွာဟောင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းအသုံးပြုပြီးတော့ ဒရော့ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် လိပ်ခမော်ရွာဟောင်းဘုန်းကြီးထဲကျရောက်ပေါက်ကွဲကာ ကျောင်းဆောင် မီးလောင်သွားခဲ့ရတယ်လို့ ကနဦးသိရှိထားရပြီးတော့ အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

CNA အနေ နဲ့လည်း ကျောက်ဖြူ နဲ့ ရသေ့တောင် ဗုံးကြဲတိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ပျက်စီးမှု အခြေအနေတွေကို အသေးစိတ်သိရှိနိုင်ဖို့ အတွက်ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့အပစ်ရပ်ကြောင်း ကြေညာထားပေမယ့်လည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဘုန်းကြီးကျောင်းစတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ပြည်သူတွေ ထိခိုက်သေဆုံးတာ များစွာရှိနေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here