Home သတင်း စစ်ရေး အာဆီယံ အနေ နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက်ကို ကူညီနေတယ်လိုပြောပေမယ့် စစ်ကောင်စီအကြမ်းဖက်တာကို ဟန့်တားဖို့ပျက်ကွက်နေ

အာဆီယံ အနေ နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက်ကို ကူညီနေတယ်လိုပြောပေမယ့် စစ်ကောင်စီအကြမ်းဖက်တာကို ဟန့်တားဖို့ပျက်ကွက်နေ

36
0

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေ နဲ့ ဘုံသဘောထားငါးရပ်ကထဲက မြန်မာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေတယ်လို့ ပြောဆိုနေပေမယ့် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကိုဟန့်တားထိန်းချုပ်ဖို့ ပျက်ကွက်နေတယ်လို့ Justice For Myanmar က ဒီနေ့ မေလ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “လေးနှစ်အတွင်း အာဆီယံက မြန်မာပြည်သူတွေအတွက် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံသဘောထားငါးရပ်က အရေးယူမှုမရှိ ပျက်ကွက်မှုတွေအတွက် ဆင်သားရေကို ဆိတ်သားရေနဲ့ ဖုံးတာသာဖြစ်ပြီး၊ တစ်ဖက်မှာ အစိုးရအဖွဲ့ဝင် လူချမ်းသာတစ်စုက စစ်ရာဇဝတ်ကောင်တွေလက်ထဲကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဆက်ပြီး စီးဆင်းနေစေတာပါ”လို့ ဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံလက်အောက်ခံ နိုင်ငံတွေရဲ့ ကုပ္ပဏီတွေကနေ စစ်ကောင်စီဆီကို ငွေကြေးစီးဆင်းတာ နဲ့ လက်နက်ရောင်းချ တပ်ဆင်ပေးနေတာတွေကိုလည်း အာဆီယံက ဆက်လက်ခွင့်ပြုနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ပြင်းအား ၇.၇ ရှိတဲ့ ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ အကြမ်းဖက်စစ်ဆင်ရေးတွေကို အရင်တုန်းကထက် ပိုပြီးတော့ တိုးချဲ့လုပ်ဆောင်ခဲ့တာရှိပြီးတော့ငလျင်ဒဏ်သင့် ဒေသများကိုတောင် မချန်ဘဲ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ခဲ့ တယ်လို့လည်းဆို ထားပါတယ်။

အဲတာကြောင့် အာဆီယံ အနေနဲ့ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို ကူညီပေးခြင်းထက် လက်တွေ့မှာ စစ်ကောင်စီကို မှားယွင်းတဲ့ နိုင်ငံရေးတ ရားဝင်ပေးအပ်တာ၊ စစ်ဘက်လေ့ကျင့်မှားယွင်းတဲ့သင်ကြားမှုများ ပေးအပ်တာ၊ထိရောက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေကိုတားဆီးပိတ်ပင်တာ၊စစ်ကောင်စီ ရဲ့ မိတ်ဖက်တွေ နဲ့အဖွဲ့ဝင်နိုင်ငံတွေ ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မျက်ကွယ်ပြု ပေးထားတာတွေဟာ မြန်မာနိုင်ငံတွင်း အကျပ် အတည်းတွေကို လောင်စာဖြည့်မီးထိုးပေးခဲ့တာသာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် အာဆီယံ အနေ နဲ့လည်း စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေ နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုလည်း အာဆီယံအဖွဲ့ အနေ နဲ့ ကြံရာပါ ဖြစ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒါကြောင့်အာဆီယံအနေနဲ့ ဒီလမ်းဟောင်းကို ပြောင်းလဲရန်ပြီးတော့ ဒီထက်ပိုတဲ့ ဖိအားတွေပေးဖို့ လိုအပ်နေသေးတယ်လို့လည်းဆိုထားပါတယ်။

ဒါကြောင့်အာဆီယံအနေ နဲ့ စစ်ကောင်စီကို ထိတွေ့ဆက်ဆံမှု နဲ့ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းဖို့ နဲ့ စစ်ကောင်စီဆီကနေ ရတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်အသုံးဆောင်ပစ္စည်း၊ နည်းပညာနဲ့ လေယာဉ်ဆီ စီးဝင်မှုတွေကိုပါ ပိတ်ဆို့ဖို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးကို တွန်းအားပေးဖို့ကိုJustice For Myanmar အနေနဲ့ တိုက်တွန်းတယ်လို့လည်းဆိုထားပါတယ်။

ဒါ့အပြင် Justice For Myanmar အနေ နဲ့ စစ်ကောင်စီအတွက် ဘဏ္ဍာငွေ ပံ့ပိုးမှု၊စစ်အသုံးအဆောင်ရောင်းချမှု နဲ့ဘဏ္ဍာရေးဝန်ဆောင်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အာဆီယံ လက်အောက်ခံ ဘီလီယံနာ သူဌေးကြီး ၁၂ ဦး အပါအဝင် အာဆီယံ အသက် ၃၀ အထက်မသမာသူများစာရင်းကိုလည်း ဖော်ထုတ်ထားပြီးတော့ ဒီလူတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကနေ အကျိုးအမြတ်ရနေသူတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here