CNA ၊မြတ်သူ။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ထွန်းရဝေရွာဟောင်း ကျေးရွာအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ နဲ့ ဒဏ်ရာ ရသူ ဦးရေတဖြေးဖြေးပိုတိုးလာနေတယ်လို့ ဒေသခံကူညီရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
လက်ရှိစာရင်တွေ အရ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၉ ဦး နဲ့ ဒဏ်ရာ ရသူ ၂၀ ဦးထိ ရှိလာနေပြီး ပျောက်ဆုံးနေသူ နဲ့ ဒဏ်ရာ ရတဲ့ သူတွေထဲမှာ ဒဏ်ရာ ပြင်းထန်နေသူတွေ လည်း အများအပြားရှိနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူ တစ်ဦးက ပြောပါတယ်။



“လက်ရှိကတော့ သေဆုံးသူ ၁၉ ဦး ဒဏ်ရာရသူ ၂၀ စာရင်းရှိနေပါပြီး နောက်ထပ်လည်း ပျောက်နေသူတွေ ရှိနေပါသေးတယ် ဒဏ်ရာ ရတဲ့ သူတွေထဲမှာလည်း စိုးရိမ်ဒဏ်ရာ ရသူတော်တော် ရှိနေပါသေးတယ်”လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်း ကျေးရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာလုပ်ဆောင်ခဲ့တဲ့ အတွက် အပစ်မဲ့ အရပ်သားပြည်သူတွေ အခုလို အစိုလိုက်အပြုံလိုက်သေဆုံးဒဏ်ရာ ရရှိခဲ့ကြရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအနှံ့အပစ်ရပ်ကြောင်း ကြေညာထားပေမယ့်လည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရပ်သားနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဘုန်းကြီးကျောင်းစတဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ပြည်သူတွေ ထိခိုက်သေဆုံးတာ များစွာရှိနေကြရပါတယ်။