Home သတင်း စစ်ရေး မင်းအောင်လှိုင်ကိုးကွယ်တဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ နဲ့ ဦးဝီရသူတို့ကြောင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်အဖွဲ့ဖြစ်နေပြီလို့ PSUပြောဆို

မင်းအောင်လှိုင်ကိုးကွယ်တဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ နဲ့ ဦးဝီရသူတို့ကြောင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်အဖွဲ့ဖြစ်နေပြီလို့ PSUပြောဆို

29
0

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုးကွယ်ထားတဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ နဲ့ ဦးဝီရသူတို့ကြောင့် ဗုဒ္ဓဘာသာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့လို့ ပြောဆိုခံရမှုတွေ ရှိနေပြီးလို့ ငြိမ်းချမ်းရေးသံဃသမဂ္ဂ( PSU) ကထုတ်ပြန်ပြောဆိုလာပါတယ်။

“စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က ကိုးကွယ်ထားတဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ၊ဦးဝီရသူ အစရှိတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်က အကြမ်းဖက် သောင်းကြမ်းတဲ့လုပ်ရပ်တွေကို တားမြစ်ရမဲ့အစား မြှောက်ပင့်ပေးနေတာကြောင့် ဗုဒ္ဓဘာသာကို ရက်စက်ကြမ်း ကြုတ်တဲ့ အကြမ်းဖက် သောင်းကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့လို့ မြင်လာကြ ပြောလာကြတာကိုလဲ နာစရာမရှိတော့ပါဘူး”လို့ ပြောဆိုထားပါတယ်။

ဗုဒ္ဓဘာသာခေါင်းဆောင်တွေဖြစ်ကြတဲ့ သီတဂူဆရာတော်၊ဦးဆေကိန္ဒ၊ဦးဝီရသူ အစရှိတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်ကစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ အကြမ်းဖက်သောင်းကြမ်းတဲ့ လုပ်ရပ်တွေကို မတားမြစ်မဲ့ အစား မြှောက်ပင့်ပေးတာတွေ လုပ်နေတာကြောင့် အခုလို ပြောဆိုခံလာရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အဖွဲ့ကိုလည်း အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အတွက် ကမ္ဘာကျော် ISIS အဖွဲ့တွေလို အကြမ်းဖက် သောင်း ကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့လို့တောင် ပြောဆိုနေတာတွေ ရှိနေကြပြီးတော့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကြောင့်လည်း ဗုဒ္ဓဘာသာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် သောင်း ကျန်းသူ အစွန်းရောက် စစ်သွေးကြွအဖွဲ့ ဖြစ်နေရပြီလို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့ဟာလည်း အပြစ်မဲ့ပြည်သူများတွေကို ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားကင်းမဲ့တာ၊သနားညှာတာမှုခေါင်းပါးတာ၊ကိုယ် ချင်းစာတရားမရှိတာတွေ အပြင် အလွန်တရာ စက်ဆုတ် ရွံရှာစရာကောင်းတဲ့ အောက်တန်းကျတဲ့ ဗုံးကြဲသတ်ဖြတ်မှု လုပ်ရပ်တွေကိုလည်း မရှက်မကြောက်မရှိ ထပ်တလဲလဲ ကျူးလွန်နေပါတယ်လို့လည်းဆိုထားပါတယ်။

အဲဒါကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အဖွဲ့ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ကို ငြိမ်းချမ်းရေး သံဃသမဂ္ဂအဖွဲ့ကတောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here