Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ကျောက်တော်မြို့ကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံး ဒဏ်ရာရသူ တချို့ရှိနေ

ကျောက်တော်မြို့ကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး တစ်ဦး သေဆုံး ဒဏ်ရာရသူ တချို့ရှိနေ

14
0

CNA ၊ မြတ်သူ။

ကျောက်တော်မြို့က ရွာမရပ်ကွက်ကို စစ်ကောင်စီက ဒီနေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံး နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာမရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူတချို့လည်း ရှိနေတယ်လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

“လတ်တလောသိသလောက်ကတော့ တစ်ဦးသေတယ် ။ဒဏ်ရာရသူ တချို့ရှိနေတယ်။နေအိမ်တွေလည်းပျက်စီးတယ်။ရွာမရပ်ကွက်ထဲကို ကျတာ ဗုံးသီးက။ပေါင် ၅၀၀ ဗုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တာ”လို့ သူကပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် နဲ့ ပတ်သက်ပြီးတော့ CNA က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မနေ့ကလည်း ရသေ့တောင်မြို့နယ် အတွင်းက ထွန်းရဝေကျေးရွာကို လေကြောင်းကနေ တဆင့် ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တဲ့ အတွက် အရပ်သား ၁၃ ဦးသေဆုံးကာဒဏ်ရာ ရသူ ၂၀ ကျော်ထိရှိခဲ့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here