တိုက်ပွဲ ဖြစ်ပွါးတာမရှိပဲ အာရက္ခတပ်တော်ထိန်းချုပ်မှု အောက်မှာ ငြိမ်းချမ်းစွာ ရှိနေတဲ့ ရခိုင်ပြည်၊ကျော်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေတဆင့် ၂ ရက်ဆိုက်တိုက် ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်တာကို စစ်ကောင်စီက မေလ ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ လူနေထူတပ်တဲ့ ရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမနေ့ အနေ တဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မေ (၁၄) ရက်နေ့မှာတော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို၊ ရွာမရပ်ကွက်ကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၃) ဦး သေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မေလ ၁၅ ရက်နေ့မှာလည်း စစ်ကောင်စီဟာ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ၃ ကြိမ်တိုင်တိုင် လေကြောင်းကနေတဆင့် တပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူ (၅) ဦး သေဆုံးခဲ့ရပြီး နောက်ထပ် ပြည်သူ (၉) ဦးလည်း ပြင်းထန်နဲ့ အလတ်စားဒဏ်ရာတွေ ရရှိခဲ့ကြရတယ်လို့ဆိုပါတယ်။
ဒီ နှစ်ရက်အတွင်းမှာ စစ်ကောင်စီက အေးချမ်းသာယာနေတဲ့ ကျောက်တော်မြို့ကို ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ (၈) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း (၁၄) ဦးအထိရှိခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီရဲ့ လူမဆန်ပြီး ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ မိသားစု၊ ဆွေမျိုး တွေ နဲ့ ထပ်တူ အာရက္ခတပ်တော် (ULA/AA) အနေ နဲ့လည်းဝမ်းနည်းရတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံအနှံ့က ပြည်သူတွေ နဲ့ ရခိုင်ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကိုလည်း အာရက္ခတပ်တော် အနေ နဲ့ ပြင်းထန်စွာရှုတ်ချပြီးတော့ ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းတွေဆီကို ပေးပိုသွားမယ်လို့လည်း အာရက္ခတပ်တော် (ULA/AA) က ပြောဆိုထားပါတယ်။