Home သတင်း စစ်ရေး ဖားအံခရိုင်အတွင်း က စစ်ကောင်စီရဲ့ မော်ကွီးလု တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်

ဖားအံခရိုင်အတွင်း က စစ်ကောင်စီရဲ့ မော်ကွီးလု တပ်စခန်းကို KNU ပြန်လည်သိမ်းပိုက်

31
0

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း က စစ်ကောင်စီရဲ့ မော်ကွီးလု တပ်စခန်းကို KNU က ပြန်လည် သိမ်းယူခဲ့ပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီတပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ−၂၄ တပ်ဖွဲ့ဝင်တွေက တပ်စွဲထားတာ ဖြစ်ပြီးတော့ ဒီနေ့ မေလ (၁၆) ရက်နေ့ မနက် (၅း၃၀)မှာ တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်တွေက ပြန်လည်သိမ်းယူခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းတပ်တွေဟာ တာကရယ် (ပိုင်ကျုံ)မြို့နယ်၊ ကာတဲကျေးရွာအနီးမှာ ရှိတဲ့ တညာကျိုး(ခ) တာလယ်ဗျူဟာစခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စစ်ကောင်စီတပ်တွေ ရဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်တဲ့ စစ်စခန်းတစ်ခုပြီးတစ်ခုကို သိမ်းပိုက်ရရှိလာနေချိန်မှာတော့ စစ်ကောင်စီကတော့ စစ်ရေး ပစ်မှတ်တွေ မဟုတ်တဲ့ ဆေးရုံ၊စာသင်ကျောင်း၊လူနေရပ်ကွက်တွေ နဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာနေရာတွေ အပါအဝင် နိုင်ငံအနှံ့က နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်တာတွေကို ဆက်တိုက်လုပ်ဆောင်မှု ရှိလာနေတာကိုလည်း မြင်တွေ့နေရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here