Home သတင်း စစ်ရေး မင်းပြားတိုက်ပွဲ အတွင်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံးပန်း ၂၀၀ ကျော်ကို အာရက္ခတပ်တော် ထပ်မံ လွတ်ပေး

မင်းပြားတိုက်ပွဲ အတွင်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံးပန်း ၂၀၀ ကျော်ကို အာရက္ခတပ်တော် ထပ်မံ လွတ်ပေး

29
0
ပုံ _ Golden Era Media

CNA ၊မြတ်သူ။

မင်းပြားမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံးပန်းတွေထဲက စစ်သုံးပန်း မိသားစုဝင် ၂၀၀ ကျော်ကို အာရက္ခတပ်တော်က မနေ့က မေလ ၁၆ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် ရဲ့ မင်းပြားမြို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောပါတယ်။

အခုတစ်ကြိမ်လွတ်ပေးတာဟာ ဒုတိယအကြိမ်လွတ်ပေးတာဖြစ်ပြီးတော့ အခုလွတ်ပေးသူတွေဟာ ပြစ်မှုတစုံတစ်ရာ ကျူးလွန်မှု မရှိတဲ့ အတွက် စစ်ဆေးပြီးနောက်မှာ ပြန်လွတ်ပေးခဲ့တာ ဖြစ်တယ်လို့ အာရက္ခတပ်တော် ရဲ့ မင်းပြားမြို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက CNA ကို အတည်ပြုပြောပါတယ်။

“အခုလွတ်ပေးတာကတော့ ဒုတိယအကြိမ်ပေါ့ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့ သူတွေကို လွတ်ပေးတာဖြစ်တယ်။ဒီအကြိမ်မှာတော့ သုံ့ပန်းမိသားစုဝင် ၂၂၅ ဦးပါတယ်”လို့ သူကပြောပါတယ်။

ပထမအကြိမ်အနေ နဲ့လည်း စစ်သုံးပန်း ၂၇၀ ကို အာရက္ခတပ်တော်က ဧပြီလ ၁၃ နေ့မှာလွတ်ပေးတာ ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။ လက်ရှိကျန်ရှိနေသေးတဲ့ စစ်သုံးပန်း အရေအတွက်ကိုတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်အခြေအနေကြောင့် ထည့်သွင်းပြောဆိုလို့ မရဘူးလို့လည်း ဆိုပါတယ်။

ပုံ _ Golden Era Media

အာရက္ခတပ်တော်ဟာ မင်းပြားမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ရဲ့ အနှစ်နှစ် အလလတပ်စွဲနေထိုင်ခဲ့တဲ့ စစ်စခန်းတွေကို တိုက်ခိုက်ကာ အပြီးသတ်သိမ်းပိုက် ပြီးတော့ တည့်ငြိမ်အေးချမ်းစွာ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီး ဖြစ်တဲ့ မြို့နယ်တစ်ခု ဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို ကြုံတွေ့နေရဆဲ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here