Home သတင်း စစ်ရေး ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့်နေ့အနေ နဲ့ သုံ့ပန်း ၃၀၀ ကျော်ပြန်လွတ်ပေး

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့်နေ့အနေ နဲ့ သုံ့ပန်း ၃၀၀ ကျော်ပြန်လွတ်ပေး

36
0

CNA၊ မြတ်သူ။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့်အနေ နဲ့ တိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်း ၃၀၀ ကျော်ကို မေလ ၁၈ ရက်နေ့မှာ အာရက္ခတပ်တော်က လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြန်လွတ်ပေးလိုက်တဲ့သူတွေကတော့ စစ်ပွဲအတွင်း မှာ အရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့တဲ့ စကခ (၁၅) နဲ့ ခမရ (၅၅၁) တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွတ်ပေးလိုက်သူတွေထဲမှာတော ရခိုင်လူမျိုး အပါ အဝင် သက္ကမလူမျိုး ၊ ခမီလူမျိုး ၊ မြိုလူမျိုး၊ သက်လူမျိုး အိမ်ထောင်စု ၁၀၇ စုက လူဦးရေ ၃၁၄ ဦးကို ပြန်လွတ်ပေးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ဘူးသီးတောင်မြို့ဟာ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရောက်ရှိနေတာဟာ တစ်နှစ် တင်းတင်းပြည့်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒီတစ်နှစ်အတောအတွင်းမှာ အာရက္ခတပ်တော်ဟာ သူတို့အပြီးသတ်သိမ်း ပိုက် ရရှိထားတဲ့မြို့တွေကို ပြန်လည်ထူးထောင်ရေး လုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေသလို စစ်ပွဲအတွင်းက ဖမ်းဆီးရမိပြီးတော့ ပြစ်မှုကျူး လွန်တာ မရှိခဲ့တဲ့ သုံ့ပန်းတွေကိုလည်း ဆက်တိုက်ပြန်လွတ်ပေးတာတွေကိုလုပ်ဆောင်ပေးနေပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာလည်း ဒုတိယအကြိမ်အနေ နဲ့ မင်းပြားမြို့သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်း ၂၂၅ ဦးကိုလည်းအာရက္ခတပ်တော်က ပြန်လွတ်ပေးခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here