စစ်ကောင်စီရဲ့ ပဲခူးတိုင်း၊တောင်ငူအခြေစိုက် ကေတုမတီလေတပ်စခန်းတိုက်ခိုက်ခံရမှုမှာ အရာရှိ ၂၀ ဦးအပါဝင် ၁၀ ဦးသေဆုံးခဲ့ရပြီးတော့ ဂျက်ဖိုက်တာ ၂ စီးပါ ပျက်စီးသွားခဲ့ရတယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က မနေ့က မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ ရဲ့ ဦးဆောင်စီမံမှု နဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းပြီးတော့ မေလ ၁၈ ရက်နေ့ မနက် ၁နာရီ ၄၈ မိနစ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ၈ လုံးမှာ အောင်မြင်စွာ လေဆိပ်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုလေဆိပ်အတွင်းကျရောက်ပေါက်ကွဲမှုကြောင့် လေတပ်အတွင်းက ဒရုန်းဂိုတောင်တစ်လုံးမီးလောက်ပျက်စီးသွားခဲ့ရပြီး ဂျက်ဖိုက်တာ ၂စီး Y – 8 ၁ စီးလည်းထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ရတယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေတပ်အတွင်း ပစ္စည်းတွေသယ်ယူပို့ဆောင်တဲ့ ယာဉ်တချို့ နဲ့ လေတပ်အတွင်းမှာ လေတပ်စစ်သည်တော်တွေ နားနေတဲ့ နားနေဆောင်တချို့ဟာလည်း ပျက်စီးခဲ့ရပြီးတော့ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးအဆင့်ရှိသူ ၂ ဦး၊လေတပ်အရာရှိ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး နဲ့ လေအုပ်စုအပါအဝင်အခြားအဆင့်ရှိတဲ့ စစ်သည် ၆ ဦးဟာလည်း ပွဲချင်းပြီးသေဆုံးတာရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
နောက်ထပ် လေတပ်စစ်သည်တော် ၁၂ ဦးမှာလည်း ဒဏ်ရာ ရရှိသွားခဲ့ရပြီး စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးနေရသလို လေယာဉ်အပိုပစ္စည်းဂိုဒေါင် ၂လုံးလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
မြေပြင်စစ်ဆင်ရေးတွေမှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နိုင်စွမ်းမရှိပဲ ကျရှုံးမှုများစွာ နဲ့ ရင်ဆိုင် လာရတဲ့ ကောင်စီဟာ လေတပ်ကိုအားကိုးကာ ဝေဟင်အသာစီးနဲ့ တော်လှန်ရေးအင်အားစုတွေကို တန်ပြန် တိုက်ခိုက်တဲ့အပြင် ကျောင်းသူ၊ ကျောင်းသား ကလေး သူငယ်တွေ နဲ့ ဆရာ၊ ဆရာမတွေကိုပါ ဗုံးကြဲသတ်ဖြတ်တာတွေ ရှိလာနေသလို နိုင်ငံတဝှမ်းလုံးက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲသတ်ဖြတ်နေတာတွေကို လုပ်ဆောင်နေတာတွေလည်းရှိနေပါတယ်။
အခုတိုက်ခိုက်ခဲ့တဲ့ တောင်ငူ လေတပ်စခန်းဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျုးလွန်တဲ့ နေရာမှာ အရေးပါတဲ့ လေတပ် ဒေါက်တိုင် တစ်ခုအဖြစ်ပြီးတော့ ဒီရက်ပိုင်းအတွင်းတိုက်ခိုက်မှု လုပ်တဲ့နေရာတွေမှာ အဓိက ပါဝင်နေတဲ့ လေတပ်စခန်းတစ်ခုလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
Brave Warriors for Myanmar (BWM) အနေ နဲ့ စစ်ကောင်စီရဲ့ လေတပ်တွေပြိုလဲဖို့အတွက် လေတပ်တွေ၊ တိုက်လေယာဉ်တွေ၊ pilotတွေ၊ လေယာဉ်ဆီ၊ ဗုံးသီးတန်ဆာထုတ်လုပ်တဲ့ စက်ရုံအပါအဝင် လေတပ်ကိုအားဖြည့်နေတဲ့ ဒေါက်တိုင်တွေကို ဖြိုလှဲရေးမှာလည်း အားလုံးပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါသေးတယ်။