Home သတင်း စစ်ရေး မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထပ်မံလွတ်ပေး

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထပ်မံလွတ်ပေး

192
1

(အာရက္ခတပ်တော် လွတ်ပေးတဲ့ သုံ့ပန်း ၁၀၀၀ ကျော်ထိရှိလာနေ)

CNA၊မြတ်သူ။

မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်းက အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက သုံ့ပန်း ၃၂ ဦးကို အာရက္ခတပ်တော်က မနေ့က မေလ ၁၉ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။

အခု အာရက္ခတပ်တော်က ပြန်လွတ်ပေးလိုက်တဲ့ သူတွေကတော့ တိုက်ပွဲ အတွင်း အာရက္ခတပ်တော် ဆီမှာ လက်နက်ချအလင်းဝင်လာကြတဲ့ သူတွေ ဖြစ်ကြတယ်လို့ လည်းဆိုပါတယ်။

အာရက္ခတပ်တော်အနေ နဲ့ အဲဒီပြန်လွတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေကိုလည်း လမ်းခရီးစရိတ်အနေ နဲ့ ငွေကျပ် သုံးသိန်းကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာလည်း အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းမိသားစုဝင် ၃၁၄ ဦးကို မြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်အနေ နဲ့ ပြန်လွတ်ပေးခဲ့တာလည်း ရှိခဲ့ပါတယ်။

အဲဒီလို့ပဲ မင်းပြားမြို့သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေး ထဲက သုံ့ပန်း ၄၀၀ ကျော်ကိုလည်း ဧပြီလ ၁၃ ရက်နေ့ နဲ့ မေလ ၁၆ ရက်နေ့တွေမှာ နှစ်ဖြတ်ခွဲပြီးတော့ ပြန်လွတ်ပေးခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

အာရက္ခတပ်အနေ နဲ့ မြို့သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေကို ပြန်လွတ်ပေးတာဟာ လူဦးရေ ၁၀၀၀ ကျော်အထိရှိလာနေပြီလည်း ဖြစ်ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here