ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ ထဲက ၂ စီးကို မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီကျော်လောက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ KIA က အတည်ပြုပြောထားပါတယ်။
အဲဒီ ကျည်ထိမှန်ခဲ့တဲ့ လေယာဥ် ၂ စီးထဲက တစ်စီးဟာ ရွှေကူမြို့နယ် စည်ငန်းရွာ အနောက်ဘက်တောထဲမှာ လေယာဉ်မှူး မိုးထက်အောင်ရုပ်အလောင်း နဲ့အတူ လေယာဉ်တစ်ခုလုံး ရစရာမရှိအောင် မီးလောင်ပျက်စီးတာတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။
အဲဒီလို KIA က ပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ လေယာဥ်ဟာ ရုတ်တရက်စက်ချို့ယွင်းပြီးတော့ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက လိမ်လည်ကာ မေလ ၂၀ ရက်နေ့ ညမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒါ့အပြင့် ဒီလေယာဉ်ပျက်ကျမှု နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပြီးတော့ ရဟတ်ယာဥ်ပျက်ကျတဲ့ နေရာအနီးတဝိုက်မှာလည်း ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ပေးတာတွေကို ပေးနေတယ်လို့လည်း စစ်ကောင်စီက လိမ်လည်သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ လေယာဥ်ပျက်ကျသွားတဲ့ နေရာ အနီးတဝိုက်ဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေမဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။