Home သတင်း စစ်ရေး စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ကျိုးကြောင်းဆီလျော်မှုမရှိရင် ရခိုင်ပြည်ပြင်ပ ထွက်ခွင့်မပေးဘူးလို့ အေအေ ပြောဆို

စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ကျိုးကြောင်းဆီလျော်မှုမရှိရင် ရခိုင်ပြည်ပြင်ပ ထွက်ခွင့်မပေးဘူးလို့ အေအေ ပြောဆို

24
0

စစ်မှုထမ်းအကျုံးဝင်ပြီးတော့ ရခိုင်ပြည်ပြင်ပကို ထွက်လိုတဲ့ လူငယ်တွေကိုကျိုးကြောင်းဆီလျော်မှုမရှိရင် ရခိုင်ပြည်ပြင်ပကို ထွက်ခွာခွင့်မပေးဘူးလို့ အာရက္ခတပ်တော်က မနေ့က မေလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

ဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision -NDEP)ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်မှာ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေကို အာရက္ခတပ်တော် အနေ နဲ့ အကန့်အသတ်တွေ နဲ့ ဆောင်ရွက်နေရပြီးတော့ အမျိုးသား ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်ချက်(NDEP) မှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူ ငယ်တွေကို ကျိုးကြောင်းဆီလျော်မှုမရှိရင် သွားလာခွင့်မပြုလို့ဆို တဲ့ အချ က်အပါအဝင် အချက် ၄ ချက် နဲ့ အာရက္ခတပ်တော်က ကန့်သတ်တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီတားမြစ်ချက်ဟာ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့ကပင်စတင်အကျုံးဝင်ပြီးတော့ ရခိုင်မှာ စစ်ရေတည်ငြိမ်တဲ့ အချိန်ကိုရောက်ရှိလာတဲ့ အထိ တားမြစ်လိုက်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် လက်ရှိ အာရက္ခတပ်တော်က ပြဋ္ဌာန်းလိုက်တဲ့အမျိုးသားကာကွယ် ရေးဆိုင်ရာပြဋ္ဌာန်ချက်(National Defence Emergency Prov ision-NDEP) ကို ရခိုင်ပြည်က လူငယ်တစ်ချို့ဟာ သေချာစွာနားမလည်ဘဲ တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွဲဖို့ ကြိုးပမ်းနေတာတွေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးဆိုင်ရာအတွက် နဲ့ ကတော့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့လူနာတွေ၊အသက် အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကိုတော့ ရခိုင်ပြည်ပြင်ပထွက်ခွါကာ ဆေးကုသဖို့ ခွင့်ပြုတယ်လို့ဆိုထားပါတယ်။

NDEP ပြဋ္ဌာန်းချက်အရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ် အတွင်းကို ရခိုင်ပြည်ပြင်ပကို ထွက်ခွါခွင့် မပြုတဲ့ အပြင် ရခိုင်ပြည်အတွင်းက နေပြီးတော့ နေရပ်စွန့်ခွာလိုသူတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ အခကြေးငွေယူပြီးတော့ သယ်ယူပို့ ဆောင်နေသူတွေကိုလည်းတားမြစ်လိုက်ပြီးတော့ ဒီတားမြစ်ချက်ကို မလိုက်နာခဲ့ရင် တည်ဆဲဥပဒေနဲ့ အရေး ယူတာကို ခံရမယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် စားသောက်ကုန် ရောင်းဝယ်တဲ့ ကုန်သည်တွေ၊ နွားကုန်သည်တွေ အနေနဲ့လည်း သွားလာတဲ့ အချိန်မှာ လူအပိုတွေ များခေါ်ဆောင်သွားတာ၊ အခကြေးငွေယူပြီးတော့ လူကယ်ရီပို့ဆောင်တာတွေကိုလည်း မလုပ်ရဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီထိန်းချုပ်နေရာတွေမှာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ရည်ရွယ်ချက်ရှိရှိ နဲ့ ဖမ်းဆီးပြီးတော့ ငွေညှစ်တာ၊ ပြန်ပေးဆွဲသလို ဖမ်းဆီးထိန်းသိမ်းတာ၊ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ မတရား သဖြင့်ထောင်ချတာ၊ လူသတ် အလောင်ဖျောက်တာ တွေလည်း ရှိနေပြီးတော့ အဲဒီအန္တရာယ်ကို ရခိုင်ပြည်သူတွေ မကျရောက်နိုင်စေရေး အတွက် အခုလို တားမြစ်ချက်တွေကို တားမြစ်ရတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒါတွေ အပြင် ရခိုင်ဒေသက မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီက ထောင်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းတွေကိုမနင်း မိစေရေးအတွက်၊စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကို ရောက်ရှိခဲ့ရင် စစ်မှုထမ်း စုဆောင်းတာကို မခံရရေးအတွက် တဖက်မှာ လူမှောင်ခိုဂိုဏ်းတွေ ကျားဖြန့်ဂိုဏ်းတွေ လက်ထဲကို မရောက်ရှိ စေရေး အတွက် နဲ့ ရက္ခိုင်ရိုးမ နယ်စပ်တလျှောက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ရှိ နေဆဲဖြစ်တာကြောင့်တိုက် ပွဲကြားမှာ ကြားညှပ်မသွား စေရေးအတွက် အပြင် လူ၊ မိုင်း အန္တရာယ်တွေကနေပြီးတော့ ကင်းလွတ်စေနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကိုပါ ထည့်သွင်းပြီးတော့ အာရက္ခတပ်တော်က အခုလို ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here