Home သတင်း စစ်ရေး အပစ်ရပ်ကာလမှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကိုခုခံဖို့ အတွက် ရွှေသောင်ယံ နဲ့ သာပေါင်းမြို့မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေ

အပစ်ရပ်ကာလမှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကိုခုခံဖို့ အတွက် ရွှေသောင်ယံ နဲ့ သာပေါင်းမြို့မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်နေ

13
0

CNA ၊ လင်းလင်း။

အပစ်ရပ်ကာလမှာ စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းက ရွှေသောင်ယံ နဲ့ သာပေါင်းမြို့အတွင်းမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံ ကာကွ​ယ်ဖို့အတွက် စစ်အင်အားဖြည့်တင်းတာ လက်နက်ကြီးတွေ တပ်ဆင်တာတွေကို အပြင်းအထန်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ညီနောက်မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြတဲ့ (AA+MNDAA+TNLA) တပ်တွေဟာ ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေ နဲ့ ဆက်စပ်တဲ့ တိုက်တာအဆောက်အအုံတွေကို ရှင်းလင်းရေး နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်ဆိုပြီးတော့ မေလ တစ်လအပစ်ရပ်ကာလကို ထပ်မံ တိုးမြှင့်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီလို အချိန်မှာ စစ်ကောင်စီကစစ်ရေး တကျော့ပြန်တိုက်ပွဲ စတင်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့အတွင် စစ်အင်အားဖြည့်တင်းတာ၊ လက်နက်ကြီးတွေ တပ်ဆင်တာ စတာတွေကို အပြင်းအထန်ပြင်ဆင်နေတာ ဖြစ်တယ်လို့ သာပေါင်းဒေသခံ တစ်ဦးက ပြောပါတယ်။

” အခုကတော့ အေအေက အပစ်ရပ်ထားတော့ တိုက်ပွဲက အဲဒီလောက်မရှိဘူး။စစ်ကောင်စီက ထိုးစစ်ရှိမှသာ တိုက်ပွဲက ရှိတာ။အခုက စစ်ကောင်စီက စစ်ရေးအတွက် စစ်အင်အားတွေ ဖြည့်တင်းတာ၊ခံစစ်အတွက် အပြင်းအထန်လုပ်တာတွေတော့ ရှိနေ။စစ်အင်အားကတော့ အခု စစ်သင်တန်းပို့ပြီးတော့ လွတ်တဲ့သူတွေ များတယ် ပို့တာကတော့ ရေလမ်း၊ ကုန်းလမ်းကပါပို့နေတာ “လို့ သူကပြောပါတယ်။

အဲဒါတွေ အပြင် စစ်ကောင်စီဟာ ကုန်စည်သယ်ယူတာတွေကို ကန့်သတ်တားမြစ်တာ လူစိမ်းတွေကိုဖမ်းဆီးစစ်ဆေးတာတွေကိုလည်း စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည် နဲ့ ဆက်စပ်နေတဲ့ ရွှေသောင်ယံ နဲ့ သာပေါင်းမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလကပင် စတင်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရှိတဲ့ ဘောမိ နဲ့ မကျည်းစင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သလို သာပေါင်းမြို့နယ်အတွင်းက ကျားခေါင်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရှိတဲ့ ဘောမိ နဲ့ မကျည်းစင်ကျေးရွာတပ်စခန်းတွေက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ရွှေသောင်ယံဧည့်ရိပ်သာ၊ ရဲစခန်း၊ ဝက်သေကမ်းခြေ၊ တပင်မှော်ကျေးရွာတွေမှာ ဆပ်လက်တပ်စွဲ နေထိုင်နေကြပြီးတော့ ခုခံစစ်အတွက် အပြင်းအထန် ပြင်ဆင်တာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here